Pages

Pages

ကျိုင်းတုံပြည်သူ့ဆေးရုံကြီးတွင် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်



MNP - မေ   ၂၂


ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံပြည်သူ့ဆေးရုံကြီး သန့်ရှင်းသာယာလှပရေးအတွက် ယမန်နေ့ နံနက် ၇ နာရီက စုပေါင်းသန့်ရှင်းရေး ပြုလုပ်ခဲ့ကြသည်။       


ထိုသို့ဆောင်ရွက်ရာတွင်  နယ်မြေခံတပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင် များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံပြည်သူများ စုစုပေါင်း အင်အား ၆၀၀ ကျော်တို့နှင့် အတူ ကျိုင်းတုံပြည်သူ့ဆေးရုံကြီးဝင်း အတွင်း/အပြင် အမှိုက်များရှင်းလင်းခြင်း၊ မြက်ပင်၊ ပေါင်းပင်၊ ချုံနွယ်များ ခုတ်ထွင်ရှင်းလင်းခြင်း၊  ရေစီးရေလာကောင်းမွန်စေရေး ရေမြောင်းများ အတွင်းရှိ အမှိုက်များ ဆယ်ယူရှင်းလင်းခြင်း စသည့် သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။


အဆိုပါ စုပေါင်းသန့်ရှင်းရေး ပြုလုပ်နေမှုများကို တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မျိုးမင်းထွန်း၊ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းအရှေ့) ဥက္ကဋ္ဌ ဦးရဲနိုင်နှင့် တာဝန်ရှိ သူများက ကြည့်ရှုအားပေးစကားပြောကြားကာ လိုအပ်သည်များ မှာကြားဆောင်ရွက်ခဲ့ ကြောင်းနှင့် ကျိုင်းတုံမြို့အတွင်း သန့်ရှင်းသာယာလှပရေးအတွက် စုပေါင်းသန့်ရှင်းရေး လုပ်ငန်းများကို အပတ်စဉ် စနေနေ့တိုင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။


သတင်း - အောင်ဇင်မြင့်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment