Pages

Pages

အသက်(၁၉)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ပထမဆုရရှိခဲ့သော စစ်ကိုင်းခရိုင်အသင်းအား ဂုဏ်ပြုပွဲကျင်းပ

 



MNP - မေ   ၂၅


၂၀၂၂ခုနှစ်၊ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်(ဖလား) ခရိုင်ပေါင်းစုံ အသက်(၁၉) နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲတွင် ပထမဆုရရှိခဲ့သော စစ်ကိုင်းခရိုင် ဘောလုံးအသင်းအား ဂုဏ်ပြုပွဲအခမ်းအနားကို မေ(၂၅)ရက်၊ နံနက်(၁၀)နာရီက ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။


ပထမဦးစွာ အောင်ပွဲရအမျိုးသားဘောလုံးအသင်းအား ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ မြို့ပေါ်ရပ်ကွက်နေပြည်သူများက သောင်းသောင်းဖျဖျ ကြိုဆိုခဲ့ကြပြီး စစ်ကိုင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆန်းထွန်းစိန်က စစ်ကိုင်းခရိုင် ကိုယ်စားပြု ပထမဆုရရှိအောင် ကစားခဲ့ကြသည့် အမျိုးသားဘောလုံးအသင်းမှ နည်းပြများ၊ တာဝန်ရှိသူများနှင့် ကစားသမားများကို ဂုဏ်ပြုချီးမြှင့်ပါကြောင်း ဝမ်းသာစကားပြောကြားပြီး ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးအေးကိုကိုက ပြိုင်ပွဲတစ်လျောက် တွေ့ကြုံခဲ့ရသည့် ဘောလုံးအသင်းများနှင့် မိမိတို့စစ်ကိုင်းခရိုင်အနေဖြင့် ကစားခဲ့ရသည့် အခြေအနေများကို အသေးစိတ်ရှင်းလင်းဆွေးနွေးပေးခဲ့သည်။


အဆိုပါအခမ်းအနားသို့ ခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဘောလုံးအသင်းနည်းပြများ၊ ဘောလုံးသမားများနှင့် ရပ်ကွက်နေပြည်သူများ တက်‌ရောက်အားပေးခဲ့ကြကြောင်းသိရသည်။


သတင်း - ဇော်မြင့်နိုင်


မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment