Pages

Pages

မြောက်ဦးမြို့နယ်၌ သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်သာယာလှပစေရန် ပျိုးပင်ပေါင်း နှစ် သောင်းငါးထောင်အား ပျိုးထောင်ဖြန့်ဝေပေး

 



MNP - မေ   ၂၆


ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့၌ သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်သာ ယာလှပစေရန်၊ သစ်တောသစ်ပင်များပြုံးတီးမှုမှ ကာကွယ်နိုင်ရန်နှင့် ဒေသခံပြည်သူများအနေဖြင့် ပျိုးပင်များ အခမဲ့စိုက်ပျိုးနိုင်စေရန်ရည်ရွယ်၌ မြို့နယ်သစ်တောဦးစီးဌာနမှ ပျိုးပင်ပေါင်း (၂၅၀၀၀) ပျိုးထောင်ထားရှိကြောင်း သိရသည်။


အဆိုပါ သစ်တောဦးစီးဌာနမှ မြောက်ဦးဒေသ စိမ်းလန်းစိုပြည်သာယာရေးအတွက် နှစ်စဉ် မိုးရာသီတွင် အပင်များစိုက်ပျိုးနိုင်ရန် ပျိုးထောင်ထားရှိပြီး မိုးရာသစ်ပင် စိုက်ပျိုးပွဲတော် အချိန်အခါ၌ သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေသာယာလှပစေရန်အတွက် မြို့နယ်သစ်တော ဦးစီးဌာနအနေဖြင့် ပျိုးပင်များအား လမ်းဦးစီးဌာန - ၂၂၈ ပင်၊ ကျေးလက်လမ်းဦးစီးဌာန - ၃၅၀ပင်၊ သစ်ပင်စိုက်ပျိုးပွဲတော်- ၂၀၀၀ ပင်၊ တစ်အုပ်တစ်မစိုက်ပျိုးခြင်း- ၁၀၀၀ ပင်၊ တပ်ရင်း တပ်ဖွဲ့များ-၃၃၀၀ ပင်၊ ဌာနဆိုင်ရာများ- ၆၇၀၀ ပင်၊ ဒေသခံပြည်သူများ- ၁၁၄၂၂ ပင် စုစုပေါင်း ၂၅၀၀၀ ပင် တို့ကို အခမဲ့ဖြန့် ဝေပေးလျက်ရှိကြောင်း သိရသည်။


ထိုသို့ ယခုနှစ် မိုးရာသီတွင်မြို့နယ်အတွင်းရှိ သစ်ပင်စိုက်ပျိုးပွဲတော်၌ နယ်မြေခံတပ်ရင်းတပ် ဖွဲ့များ၊ ဌာနဆိုင်ရာများ၊ စာသင်ကျောင်းများ၊ ရပ်ကွက်အလိုက်ပြည်သူများ အခမဲ့ စိုက်ပျိုးနိုင်ရန် ပျိုးပင်များကို မြို့နယ်သစ်တောဦးစီးဌာန သစ်တောပျိုးဉယျာဉ်တွင် ပျိုးပင်နှစ်သောင်းငါးထောင် ပျိုး ထောင်ထားလျက်ရှိပြီး ထိုပျိုးပင်များတွင် အရိပ်ရအပင်များဖြစ်သည့် ကျွန်းပင်- ၂၀၀၀ ပင်၊ ပျဉ်းကတိုး - ၂၀၀၀ ၊ မန်ဂျန်ရှား - ၁၅၀၀၀ ၊ ယူကလစ် - ၃၀၀၀ ၊ သင်္ကန်းနက် - ၃၀၀၀ စသည့် ပျိုးပင်များ ပျိုးထောင်ဖြန့်ဝေပေးလျက်ရှိကြောင်း သစ်တောဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးကောင်းမြတ်လှိုင်ထံမှ သိရသည်။


သတင်း - မြင့်စိုး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment