ပဲခူးမြို့နယ်အတွင်းရှိ တောင်သူများအား မိုးစပါးစိုက်ပျိုးစရိတ် ချေးငွေများထုတ်ချေးပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပဲခူးမြို့နယ်အတွင်းရှိ တောင်သူများအား မိုးစပါးစိုက်ပျိုးစရိတ် ချေးငွေများထုတ်ချေးပေး


MNP - မေ   ၂၇


ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ တောင်သူများ စားဝတ်နေရေး အဆင်ပြေမှုရှိ‌စေရန်အတွက် ရည်ရွယ်၍ စိုက်ပျိုးစရိတ်ချေးငွေများကို တောင်သူများအားနှစ်စဉ် ထုတ်ချေးပေးလျက်ရှိရာ ယမန်နေ့နံနက် ၁၀ နာရီမှစ၍ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် မိုးစပါး စိုက်ပျိုးစရိတ်ချေးငွေများကို အဆိုပါဘဏ်ခွဲ၌ ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။


ပဲခူးခရိုင်၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ ခရိုင်မန်နေဂျာ ဦးတင်စိုးမှ တောင်သူများအား မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေများကို တစ်ဧကလျှင် ကျပ်တစ်သိန်းခွဲနှုန်းဖြင့် ရပ်ကွက်/ ကျေးရွာအုပ်စု (၉၀)အုပ်စု၊ လူဦးရေ (၈၅၀၀)ဦး၊ ဧက (၄၃၈၆၀)အတွက် ကျပ်သိန်း (၆၅၇၉၀.၀၀) ကို ထုတ်ချေးပေးရန် လျာထားဆောင်ရွက်လျက်ရှိပြီး ယမန်နေ့တွင် ကမ်းမြင့် အုပ်စုရှိ တောင်သူ (၁၄)ဦးအား မိုးစပါးစိုက်ပျိုးဧက (၁၂၇) ဧကအတွက် ချေးငွေ ကျပ်သိန်း (၁၉၀.၅၀)ကို တောင်သူများ၏ စားဝတ်နေရေး အဆင်ပြေမှုရှိစေရန်ရည်ရွယ်၍ ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။


သတင်း - သက်ဖြိုးကြိုင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)