Pages

Pages

ပုလောမြို့နယ်၌ လေဘေးသင့်အိမ်ထောင်စုအား ထောက်ပံ့ငွေပေးအပ်



MNP - မေ   ၂၅


ပုလောမြို့နယ် ပြင်ဘုကြီးကျေးရွာ၌ မိုးသည်းထန်စွာရွာသွန်း၍ လေးဘေးသင့်ကာ ခေါင်မိုးလန်ခဲ့သောနေအိမ်အား ထောက်ပံ့ငွေနှင့်ပစ္စည်းများကို ယမန်နေ့မွန်းလွဲ(၁၂) နာရီခွဲအချိန်ခန့်က ပုလောမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပေးအပ်ခဲ့သည်။


အဆိုပါ ပြင်ဘုကြီးကျေးရွာရှိ မိုးသည်းထန်စွာရွာသွန်း၍ လေပြင်းဘေးသင့်ကာ ခေါင်းမိုးလန်၍ နေအိမ်တစ်စိတ်တစ်ပိုင်း ပျက်စီးမှုအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၉၀၀၀၀/-)ကျပ်၊ လူဦးရေ(၅)ဦးအတွက် (၇) ရက်ဆန်ဖိုး (၁၀၅၀၀/-)ကျပ် စုစုပေါင်း (၁၀၀၅၀၀/-) ကျပ်ကို  ပုလောမြို့နယ် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနဦးစီးမှူး ဒေါ်မြစောနွယ်က လေဘေးသင့်ပြည်သူ လက်ဝယ်သို့ ပုလောမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှတစ်ဆင့် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။


သတင်း - အေးအေးမော် 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment