Pages

Pages

မယ်စဲ့မြို့နယ်တွင် အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်များ ထောက်ပံ့



MNP - မေ  ၂၆


ကယားပြည်နယ်၊ မယ်စဲ့မြို့နယ်တွင် လူမှုဝန်ထမ်းဦးစီးဌာနက အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်များကို ထောက်ပံ့ပေးအပ်လျက်ရှိရာ ယမန်နေ့က ရပ်ကွက်၊ ကျေးရွာများရှိ ဘိုးဘွားများအား သွားရောက်ထောက်ပံ့ခဲ့ကြောင်း သိရသည်။


ထိုသို့ လူမှုရေးပင်စင်များ ထောက်ပံ့ရာတွင် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်(ဧပြီ၊ မေ၊ ဇွန်) ပထမသုံးလပတ်အတွက် ထောက်ပံ့ပေးခြင်းဖြစ်ပြီး မယ်စဲ့မြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွား ၉ ဦးအတွက် တစ်ဦးကို တစ်လလျှင် ငွေကျပ် ၁၀,၀၀၀/- နှုန်း၊ သုံးလစာ ငွေကျပ် ၃၀,၀၀၀/- ဖြင့် စုစုပေါင်းငွေကျပ် ၂၇၀,၀၀၀/- အား မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သန္တာမြင့်နှင့် ဝန်ထမ်းများ၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများက ဘိုးဘွားများ လက်ဝယ်သို့သွားရောက် ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။


သတင်း - ဝတ်ရည်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment