သာပေါင်းမြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေး(၇၁၇)ဦးတို့ကို ကာကွယ်ဆေးထိုး ထိုးနှံပေးနိုင်ခဲ့ - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

သာပေါင်းမြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေး(၇၁၇)ဦးတို့ကို ကာကွယ်ဆေးထိုး ထိုးနှံပေးနိုင်ခဲ့

 

41


MNP - မေ   ၂

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် မိခင်ကလေးဌာနနှင့် ကျေးရွာများ အိမ်တိုင်ရာရောက် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံနိုင်ရေးအတွက် ကျေးရွာများအရောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ဌာနဆိုင်ရာအကြီးအကဲများ၊ လူမှုရေး အသင်းအဖွဲ့များ ပါဝင်သောကြီးကြပ်ရေးအဖွဲ့များမှ ကျေးရွာများအရောက် ဆေးထိုးစုရပ်ပြု၍ နေ့စဉ်ဆေးထိုးနှံပေးလျှက်ရှိရာ ယနေ့ မေလ ၂ ရက်နေ့ နံနက် ၉ နာရီအချိန်ကစတင်ကာ Booster (Actra Zeneca)၊ (Covaxin)ထိုးနှံပေးလျှက်ရှိသည်။

ထိုသို့ဆောင်ရွက်ရာတွင် သာပေါင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းဧရာထိုက်နှင့် အဖွဲ့ဝင်များ၊ တာဝန်ကျ ဌာနဆိုင်ရာများ မှကာကွယ်ဆေးထိုးနှံရန် လာရောက်ကြသူများကို အဆင်ပြေချောမွေ့စွာ ဆေးထိုးနှံနိုင်ရန် ကျေးရွာများအရောက် အိမ်တိုင်ရာရောက် လှည့်လည် ရှင်းလင်းပြောကြားကြည့်ရှုအားပေး ပူးပေါင်းဆောင်ရွက်မှုများ လုပ်ဆောင်ပေးကြရာ (၆)လပြည့်ပြီး သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး Booster(Actra Zeneca) (၃၂၀)ဦး၊ အသက်(၁၈)နှစ်နှင့်အထက် တစ်ကြိမ်တစ်ခါမှ ကာကွယ်ဆေးမထိုးနှံရသေးသူ Phase-10 (၁၁၁)ဦး၊ ဒုတိယအကြိမ်ကာကွယ်ဆေး (၂၈၆)ဦး၊ စုစုပေါင်းပြည်သူ(၇၁၇)ဦး တို့ကို ကာကွယ်ဆေး ထိုးနှံပေးနိုင်ခဲ့ကြကြောင်း သိရသည်။

သတင်း - မျိုးဇော်သိန်း 

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Pages