မိုးကောင်းမြို့၌ ၂၀၂၂ ခုနှစ် မိုးရာသီအကြို စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုးကောင်းမြို့၌ ၂၀၂၂ ခုနှစ် မိုးရာသီအကြို စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကျင်းပ




MNP - မေ  ၂၁


ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့တွင် ၂၀၂၂ ခုနှစ် မိုးရာသီအကြို စုပေါင်းသစ်ပင် စိုက်ပျိုးပွဲကို ယနေ့နံနက်(၈)နာရီတွင် နှစ်မိုင်နှီးဘုရားဝန်းအတွင်း၌ ပျိုးပင်ပေါင်း(၂၀၀)ကို စိုက်ပျိုးခဲ့ကြောင်း သိရသည်။


အဆိုပါမိုးရာသီသစ်ပင်စိုက်ပျိုးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်မြင့်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ သစ်တောဦးစီးအရာရှိ ဦးထွန်းကျော်စိုးနှင့်ဝန်ထမ်းများ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များနှင့် ပြည်သူ များက အဆိုပါနှီးဘုရားဝန်း၌ ပျဉ်းကတိုး(၅၀)ပင်၊ မျောက်ငို(၅၀)ပင်နှင့် ကျွန်း(၁၀၀)ပင်တို့ကို စိုက်ပျိုးခဲ့ကြောင်း သိရသည်။


မိုးရာသီအကြို သစ်ပင်စိုက်ပျိုးရာတွင် အဓိကအားဖြင့်စိမ်းလန်းစိုပြေရေးကို ရည်ရွယ်ကြောင်း  ပြည်သူလူထုနှင့်ပူးပေါင်း၍ သစ်ပင်စိုက်ပျိုးသည့်အခါ သစ်ပင်တစ်ပင်ရဲ့တန်ဖိုးအရေးကြီးမှုအခန်း ကဏ္ဍများသိရှိစေရန်ရည်ရွယ်၍ စိုက်ပျိုးရခြင်းဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။


“မိုးရာသီအတွင်း ကျွန်တော်တို့ဆီက မိုးကောင်းမြို့မှာ အပင်(၅၀၀၀)၊ ဖားကန့်မြို့မှာ အပင်(၁၀၀၀၀) ဖြန့်ဝေထားပါတယ်၊ ဌာနဆိုင်ရာတွေပြည်သူလူထုတွေအနေနဲ့ သစ်ပင်သစ်တောရဲ့အခန်းကဏ္ဍကို သိရှိအောင်စိုက်ပျိုးတာပါ။ နောက်ဆက်တွဲပေါ့လေ ဇွန်လပိုင်းမှာ ဒီနှီးဘုရားအတွင်းမှာပဲ ပြည်သူလူထုတွေနဲ့ အပင်(၁၀၀၀)သစ်ပင်စိုက်ပျိုးပွဲလုပ်ဖို့ရှိပါတယ်” ဟု မြို့နယ်သစ်တော ဦးစီးအရာရှိ ဦးထွန်းကျော်စိုးက ပြောကြားသည်။


သတင်း - သန်းလွင်ဦး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)