ညောင်ဦးမြို့နယ်တွင် ခရမ်းချဉ်စိုက်တောင်သူများ ဝင်ငွေကောင်းရရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ညောင်ဦးမြို့နယ်တွင် ခရမ်းချဉ်စိုက်တောင်သူများ ဝင်ငွေကောင်းရရှိ






MNP - မေ  ၂၃


မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်တွင် ခရမ်းချဉ်သီးတစ်ပိဿာ ၈၀၀ ကျပ်ရောင်းချရခြင်းကြောင့် ခရမ်းချဉ်စိုက်ပျိုးတောင်သူများ မိသားစုဝင်ငွေ တွက်ခြေကိုက်နေကြကြောင်း လက်ပံခြေပေါ်အုပ်စု၊ သရက်ကုန်းကျေးရွာ ခရမ်းချဉ်စိုက်တောင်သူ ဦးမျိုးညွန့်ထံမှ သိရသည်။


ညောင်ဦးမြို့နယ်တွင် ခရမ်းချဉ်စိုက်ပျိုးသော ကျေးရွာများဖြစ်သည့် လက်ပဲခြေပေါ် အုပ်စုကျေးရွာများ၊ သစ်ထောင်ကျွန်းအုပ်စုကျေးရွာများ၊ ကတောအုပ်စုကျေးရွာများနှင့် အထက်ညဉ့်၊ အောက်ကျေးရွာများသည် မြေအောက်ရေအသုံးပြု၍ ခရမ်းချဉ်စိုက်ပျိုးသည့် ကျေးရွာများဖြစ်ကြကာ ခရမ်းချဉ်သီးပေါ်ချိန်၌ တစ်ပိဿာဈေးနှုန်း ၈၀၀ ကျပ် ရောင်းချနေရခြင်းကြောင့် မိဿားစုဝင်ငွေတွက်ခြေကိုက်နေကြကြောင်းသိရသည်။


ခရမ်းချဉ်စိုက်ပျိုးရာတွင် စပ်မျိုးခရမ်းချဉ်များဖြစ်သည့် တိုင်ထောင်ခရမ်းချဉ်၊ ငုတ်တုတ်ခရမ်းချဉ်နှင့် နွယ်ခရမ်းချဉ်မျိုးများအား ရွေးချယ်စိုက်ပျိုးကြကြောင်း၊ စတင်ပျိုးထောင်ချိန် ခရမ်းချဉ်စေ့တစ်စေ့ ပျိုးအိတ်တစ်အိတ်နှုန်းဖြင့်ထည့်ကာ ပျိုးထောင်ကြပြီး ရက်ပေါင်း (၂၀)ခန့်ရှိလျှင် ခရမ်းချဉ်စိုက်မည့် စိုက်ခင်းသို့ရွှေ့ပြောင်းစိုက်ပျိုးကြောင်းသိရသည်။ ခရမ်းချဉ်စိုက်ပျိုးပြီး တစ်လခန့်ကြာလျှင် ခွ(ဂွ)ပွင့်လိုက်လာပြီး စတင်အပွင့်ပွင့်အသီးသီးကြောင်း၊ နောက်ထပ်အပွင့်များပွင့်လာပြီး ခရမ်းချဉ်သီးများရင့်မှည့်ကာ စတင်ခူးဆွတ်ရောင်းချကြကြောင်းလည်းသိရသည်။ ခရမ်းချဉ်သီးခူးဆွတ်ရောင်းချရာတွင် နှစ်ရက်တစ်ခါခူးဆွတ်ရကြောင်း၊ ထွက်ရှိလာသည့် ခရမ်းချဉ်သီးများအား ညောင်ဦးမြို့ ဈေးကွက်သို့လည်းကောင်း၊ ပခုက္ကူဈေးကွက်သို့ လည်းကောင်း၊ မြင်းခြံဈေးကွက်သို့ သားရောက်ရောင်းချရပြီး၊ ယခုအခါ ခရမ်းချဉ်သီးတစ်ပိဿာ ၈၀၀ ကျပ်ရောင်းချရခြင်းကြောင့် မြေအောက်ရေအသုံးပြု၍ ခရမ်းချဉ်စိုက်တောင်သူများ မိသားစုဝင်ငွေတွက်ခြေကိုက်နေကြကြောင်း ကတောကျေးရွာခရမ်းချဉ်စိုက်တောင်သူ ဦးမင်းညိုက ပြောကြား၍ သိရသည်။


သတင်း - ကိုထိန်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)