Pages

Pages

ဟင်္သာတခရိုင် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖလား အသက် ၁၉ နှစ်အောက် အမျိုးသား ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ




MNP -  မေ   ၂၂


ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဖလား အသက်(၁၉)နှစ်အောက် (၆)မြို့နယ် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနားကို မေလ ၂၂ ရက်နေ့ ညနေ (၅)နာရီအချိန်က မြို့နယ် ပြည်သူ့ အားကစားကွင်း အတွင်း၌ ကျင်းပသည်။


အဆိုပါအခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်များမှ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် အားကစားဝါသနာရှင် ပြည်သူများတက်ရောက်ခဲ့ကြပြီး ဗိုလ်လုပွဲပွဲစဉ်အဖြစ် ဟင်္သာတ မြို့နယ်ဘောလုံးအသင်းနှင့် ဇလွန်မြို့နယ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ ဟင်္သာတ မြို့နယ်အသင်းမှ ၅ ဂိုး ဂိုးမရှိဖြင့်အနိုင်ရရှိခဲ့ကြောင်း သိရသည်။ ဆက်လက်၍ (၆)မြို့နယ် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အသက်(၁၉)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဆုပေးပွဲကို ကျင်းပခဲ့ရာ အကောင်းဆုံးဂိုးသမားဆု၊ အကောင်းဆုံးနောက်တန်းဆု၊ အကောင်းဆုံးအလယ်တန်းဆု၊ အကောင်းဆုံးရှေ့တန်းဆု၊ ပွဲစဉ်တစ်လျောက် အကောင်းဆုံးအားကစားသမားဆု ရရှိသူများအား တာဝန်ရှိသူများကဆုများ အသီးသီးချီးမြင့် ပေးအပ်ခဲ့ပြီးနောက် ဒုတိယဆုရရှိသည့် ဇလွန်မြို့နယ်အသင်းအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီး နေလင်းအောင်မှ တစ်ဦးချင်း ဆုဆွဲပြားများနှင့်ငွေသား ၂၀၀၀၀၀/- အားလည်းကောင်း ပထမဆုရရှိသည့် ဟင်္သာတမြို့နယ် အသင်းအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်းမှ တစ်ဦးချင်းဆုတံဆိပ်များနှင့်ငွေသား ၃၀၀၀၀၀/- အပါဝင် တံခွန်စိုက် ဆုဖလားအား ချီးမြှင့်ပေးအပ်ခဲ့ကြောင်းသိရသည်။


သတင်း - ကိုဇော်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment