ဆိပ်ဖြူမြို့နယ်တွင် တံတားအထူးအဖွဲ့ (၅) မှ တာဝန်ယူတည်ဆောက်မည့် တံတား (၄) စင်းအတွက် ကျပ်သန် (၂၀၀) အောက် လုပ်ငန်းသုံးပစ္စည်းများ ဝယ်ယူရေးတင်ဒါဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဆိပ်ဖြူမြို့နယ်တွင် တံတားအထူးအဖွဲ့ (၅) မှ တာဝန်ယူတည်ဆောက်မည့် တံတား (၄) စင်းအတွက် ကျပ်သန် (၂၀၀) အောက် လုပ်ငန်းသုံးပစ္စည်းများ ဝယ်ယူရေးတင်ဒါဆောင်ရွက်




MNP - မေ  ၂၁


မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်တွင် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတားဦးစီးဌာနတည်ဆောက်ရေးအဖွဲ့(၂)၊ တံတားအထူးအဖွဲ့(၅) ဆိပ်ဖြူက ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် တာဝန်ယူတည်ဆောက်မည့် စေတုတ္တရာမြို့နယ်နှင့် စလင်းမြို့နယ်တို့မှ တံတား(၄)စင်းအတွက် ကျပ်သန်း (၂၀၀) အောက် လုပ်ငန်းသုံးပစ္စည်းများ တင်ဒါဝယ်ယူရေးနှင့် သယ်ယူပို့ဆောင်ရေးလုပ်ငန်း တင်ဒါပွဲကို ယမန်နေ့နံနက် (၁၀) နာရီက တံတားအထူးအဖွဲ့ (၅) ဆိပ်ဖြူရုံး၌ ကျင်းပပြုလုပ်သည်။


အဆိုပါလုပ်ငန်းသို့ ဆိပ်ဖြူမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ စလင်းမြို့နယ် ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူးနှင့် သက်ဆိုင်ရာတင်ဒါစိစစ်ရေးကော်မတီဌာနဆိုင်ရာများ၊ တံတားဦးစီးဌာန တည်ဆောက်ရေးအဖွဲ့(၂) တံတားအထူးအဖွဲ့(၅) ဆိပ်ဖြူမှ ဒုတိယညွှန်ကြားရေးမှူးနှင့် ဝန်ထမ်းများ၊ တံတားတည်ဆောက်ရေးလုပ်ငန်းအတွက် ပစ္စည်းတင်သွင်းမည့် လုပ်ငန်းရှင်များ၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်းဆောင်ရွက်မည့် လုပ်ငန်ရှင်များတက်ရောက်ခဲ့ကြသည်။


အဆိုပါအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်အေးက တင်ဒါလုပ်ငန်းများဆောင်ရွက်ရသည့် လုပ်ငန်များနှင့်ပတ်သက်၍ အမှာစကားပြောကြားပေးခြင်း၊ တင်ဒါစိစစ်ရေးကော်မတီအတွင်းရေးမှူး တံတားဦးစီးဌာနတည်ဆော်ရေးအဖွဲ့ (၂) တံတားအထူးအဖွဲ့(၅) မှ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်စိန်ဝင်းက တင်ဒါစည်းကမ်းများနှင့် တင်ဒါအောင်မြင်သည့် လုပ်ငန်းရှင်များအား အရည်အသွေးပြည့်မီသည့် လုပ်ငန်းသုံးပစ္စည်းများ တင်သွင်းရေးနှင့်လုပ်ငန်းခွင်အရောက် လုပ်ငန်းသုံးပစ္စည်းများ အချိန်မီပို့ဆောင်ရေးလုပ်ငန်းများရှင်းလင်းပြောကြားပေးပြီး လုပ်ငန်းအပြိုင်တင်သွင်းသည့် တင်ဒါယှဉ်ပြိုင်သူများက သိရှိလိုသည်များ ပြန်လည်မေးမြန်းခဲ့ပြီး ဒုတိယညွှန်ကြားရေးမှူးက ပြန်လည်ဖြေကြားပေးခဲ့သည်။


ထို့နောက် စလင်းမြို့နယ်ရှိ  ဆိပ်ဖြူ-စလင်း-မင်းဘူးကားလမ်းပေါ်ရှိ ကန်တော်တံတား တည်ဆောက်ခြင်းလုပ်ငန်းနှင့် စီဆွဲ-စမ်းကလေး-အိုးထိန်း ကျေးလက်တံတား တည်ဆောက်ခြင်း လုပ်ငန်း၊ စေတုတ္တရာမြို့နယ်ရှိ ပဒါန်-ငဖဲ-စေတုတ္တရာ လမ်းပေါ်ရှိ ရိုးချောင်းတံတား တိုးချဲ့တည်ဆောက်ခြင်းလုပ်ငန်းနှင့် ဒွေးကုန်းတပွင့်လမ်းပေါ်ရှိ မုန်းချောင်းတံတား တည်ဆောက်ခြင်းလုပ်ငန်းများအတွက် တောသစ်အမျိုးအစား၊ ဒီဇယ်နှင့် မြစ်/ချောင်း ကျောက်စရစ် ပစ္စည်းများဝယ်ယူရေး၊ ဘိလပ်မြေနှင့် သံချောင်းသယ်ယူပို့ဆောင်ရေးလုပ်ငန်းအတွက် လုပ်ငန်းသုံးယာဉ် ငှားရမ်းရေး တင်ဒါပြိုင်ပွဲများ ဆက်လက်ဆောင်ရွက်ခဲ့ရာ တံတားတည်ဆောက်ရေးလုပ်ငန်းအတွက် ပစ္စည်းတင်သွင်း၊ ငှားရမ်းလို့သည့်လုပ်ငန်းရှင်များက တင်ဒါအပြိုင် အဆိုပြုတင်သွင်းကြသည်။ တင်ဒါအောင်မြင်သည့် လုပ်ငန်းရှင်များအား တင်ဒါစိစစ်ရေးကော်မတီ အတွင်းရေးမှူးက တင်ဒါစည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ လိုအပ်သည်များ မှာကြားရှင်းလင်းပြောကြားပေးခဲ့ကြောင်း သိရှိရသည်။


သတင်း - စိုးလင်းနိုင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)