MNP - မေ ၄
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်၌ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၏ ယခင်ချေးငွေများ ပြန်လည်ပေးဆပ်ရေးနှင့် ချေးငွေသစ်များ ထုတ်ချေးပေးရေး ညှိနှိုင်းဆွေးနွေးပွဲ အခမ်းအနားကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယမန်နေ့ နံနက် ၈နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်(ရုံးချုပ်)မှ အထွေထွေမန်နေဂျာ ဦးအောင်ဇော်မိုးက ယခင်ချေးငွေများ ပြန်လည်ပေးဆပ်ရေးနှင့် ချေးငွေသစ်များ ထုတ်ချေးပေးရေးညှိနှိုင်းဆွေးနွေးခြင်း၊ ပဲခူးတိုင်းဒေသကြီးမန်နေဂျာ ဦးကျော်သူရမှ ချေးငွေသစ်များထုတ်ချေးပေးနိုင်ရန် အတွက် အချိန်စေ့လွန် ချေးငွေများ ပြန်လည်ပေးဆပ်ကြရေး ညှိနှိုင်းဆွေးနွေးခြင်း၊နတ်တလင်းမြို့ နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးကျော်ကျော်ဦးမှ ကျေးရွာအုပ်စုချေးငွေစိစစ်ရေး အဖွဲ့ဝင်များနှင့် တောင်သူများအား မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်ချေးငွေများနှင့် ပက်သက်၍ အသီးသီး ဆွေးနွေးခဲ့ကြသည်။
ထို့နောက်တက်ရောက်လာကြသော ကျေးရွာအုပ်စုချေးငွေ စိစစ်ရေးအဖွဲ့ဝင်များနှင့် တောင်သူများမှ သိရှိလိုသည်များကို မေးမြန်ခဲ့ပြီး သက်ဆိုင်ရာ တာဝန်ရှိသူများမှ ပြန်လည်ရှင်းလင်း ဖြေကြားပေးခဲ့ကြောင်းသိရသည်။
သတင်း - ဝေယံဖြိုး
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment