ကျောက်တံတားမြို့နယ်အတွင်း အသက်(၁၈)နှစ်အထက်ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်‌‌ဆေးများ ဆက်လက်ထိုးနှံပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်တံတားမြို့နယ်အတွင်း အသက်(၁၈)နှစ်အထက်ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်‌‌ဆေးများ ဆက်လက်ထိုးနှံပေး



MNP - မေ  ၁၉


ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အ‌နောက်ပိုင်းခရိုင်၊ ကျောက်တံတားမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်‌ဆေးထိုးနှံရန် မကျန်ရှိစေရေးအတွက် ကျောက်တံတားမြို့နယ်၊ အမှတ်(၈)ရပ်ကွက်၊ (၃၉)လမ်းအထက်ဓမ္မာရုံ၌ အမှတ်(၇)ရပ်ကွက်နှင့် အမှတ်(၈)ရပ်ကွက်ရှိ ပြည်သူများအား ယနေ့နံနက်ပိုင်းအချိန်ကကွင်းဆင်း၍ ကာကွယ်ဆေးထိုးနှံပေးရာ Covishield First Dose ထိုးနှံသူ(၁၄)ဦး၊ Covaxin First Dose ထိုးနှံသူ(၁၉)ဦး၊ Covishield Booster Dose ထိုးနှံသူ(၁၉၅)ဦးနှင့် Covaxin Booster Dose ထိုးနှံသူ(၁၁)ဦး စုစုပေါင်း(၂၃၉)ဦး ထိုးနှံပေးခဲ့ကြောင်း သိရသည်။


အဆိုပါကာကွယ်ဆေးထိုးနှံရာတွင် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ပေးနေမှုကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်စိန်ကိုယ်တိုင်အနီးကပ်ကြီးကြပ်ပြီး ကျန်းမာရေးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ်တပ်ဖွဲ့၊ မြို့နယ်ကြက်‌ခြေနီတပ်ဖွဲ့နှင့် ပရဟိတအဖွဲ့များမှ ကာကွယ်ဆေးထိုးနှံရာတွင် မလိုလားအပ်သောပြဿနာများမဖြစ်စေရေးအတွက် အပူချိန်တိုင်းပေးခြင်း၊ သွေးပေါင်ချိန်ပေးခြင်းနှင့် ဆေးထိုးပြီးပါက နာရီဝက်ကြာခေတ္တနားစေခြင်းတို့ကို ပူးပေါင်းကူညီ ဆောင်ရွက်ပေးခဲ့ကြောင်းသတင်းရရှိသည်။


သတင်း - ရွှေဇင်ခိုင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)