Pages

Pages

ဒိုက်ဦးမြို့တွင် ဆီဘောက်ဆာယာဉ်တိမ်းမှောက်မှုဖြစ်ပွား

 



MNP -  မေ  ၂၈


ရန်ကုန်မှမန္တလေးဘက်သို့ လမ်းဟောင်းအတိုင်းမောင်းနှင်လာသော ဆီဘောက်ဆာယာဉ်သည် ယနေ့နံနက် ၅ နာရီ ၁၅ မိနစ်အချိန်က တိမ်းမှောက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။


ဖြစ်စဉ်တွင် ယာဉ်မောင်းဇော်မျိုးနိုင် မောင်းနှင်လာသည့် အဖြူရောင်(၂၂)ဘီး၊ ဆီဂါလံ 92 (၄၀၀၀)ဂါလံ၊ 95(၂၀၀၀)ဂါလံ၊ ဒီဇယ်(၁၀၀၀)ဂါလံ၊ ပရီမီယံ(၁၀၀၀)ဂါလံ၊ စုစုပေါင်းဂါလံ (၈၀၀၀)ဆန့် ဆီဘောက်ဆာယာဉ်သည် ဒိုက်ဦးမြို့နယ်၊ အိမ်ခြေလေးဆယ်ကျေးရွာ၊ မိုင်တိုင်အမှတ်(၆၇/၇)ဖာလုံအရောက်တွင် ရှေ့မှမောင်းနှင်လာသည့်ဆိုင်ကယ်အားကျော်တက်စဉ် အရှိန်မထိမ်းနိုင်ဘဲတိမ်းမှောက်မှုဖြစ်ပွားခဲ့သည်။


ဆီဘောက်ဆာယာဉ်တိမ်းမှောက်မှု‌ကြောင့် ဆီများယိုဖိတ်ပြီးမီးလောင်မှုမဖြစ်ပွားစေရေးအတွက် ဒိုက်ဦးမီးသတ်တပ်ဖွဲ့စခန်းမှ Cooling ပေးခြင်းများကူညီဆောင်ရွက်ခဲ့ပြီး ဆီလှယ်ခြင်းနှင့်ဆီ‌ဘောက်ဆာတည့်မတ်မှုများ ဆောင်ရွက်‌‌ပေးခဲ့ကြောင်း သတင်းရရှိသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment