ဗိုလ်တထောင်မြို့နယ်တွင် ၂၀၂၂ ခုနှစ် စာအောင်သံဃာတော်များ အောင်လက်မှတ် ဆက်ကပ်ပူဇော်ပွဲနှင့် လှူဖွယ်ပစ္စည်းများ ကပ်လှူပူဇော်ပွဲ အခမ်းအနား ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဗိုလ်တထောင်မြို့နယ်တွင် ၂၀၂၂ ခုနှစ် စာအောင်သံဃာတော်များ အောင်လက်မှတ် ဆက်ကပ်ပူဇော်ပွဲနှင့် လှူဖွယ်ပစ္စည်းများ ကပ်လှူပူဇော်ပွဲ အခမ်းအနား ကျင်းပ



MNP - မေ   ၁၉


မြတ်ဗုဒ္ဓ၏ သာသနာတော်သုံးရပ်တွင် အခြေခံဖြစ်သည့် ပရိယတ္တိသာသာနာ ရှင်သန်ခိုင်မာစေရန် ရည်မျှော်မှန်း၍ ရန်ကုန် အရှေ့ပိုင်းခရိုင်၊ ဗိုလ်တထောင် မြို့နယ်တွင် ၂၀၂၁ ခုနှစ်တွင် ကျင်းပပြုလုပ်ခဲ့သော ပါဠိပထမပြန်စာမေးပွဲ၌ အောင်မြင်ခဲ့သည့် သံဃာတော်အရှင်သူမြတ်များအား အောင်လက်မှတ်ဆပ်ကပ်ခြင်းနှင့် လှူဖွယ်ပစ္စည်းများ ကပ်လှူပူဇော်ပွဲကို ယမန်နေ့ မွန်းလွဲ ၃ နာရီအချိန်က ဗိုလ်တထောင်ကျိုက်ဒေးအပ် ဆံတော်ဦးစေတီတော်ဝန်းအတွင်းရှိ ဆိပ်ကမ်းလုပ်သားပေါင်းစုံ ဓမ္မာရုံတွင် ကျင်းပပြုလုပ်ခဲ့သည်။


ရှေးဦးစွာ အခမ်းအနားကို “နမောတဿ” သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ခဲ့ပြီး မြို့နယ်သံဃနာယက ဥက္ကဋ္ဌဆရာတော်က ငါးပါးသီလနှင့် သြဝါဒများ ဟောကြားချီးမြှင့် ပေးခဲ့သည်။ ဆက်လက်၍  ၂၀၂၁ ခုနှစ်တွင် ကျင်းပခဲ့သော ပါဠိပထမပြန် စာမေးပွဲတွင်  ဗိုလ်တထောင် မြို့နယ်အတွင်းရှိ ကျောင်းတိုက်အသီးသီးမှ ဖြေဆိုအောင်မြင်ခဲ့ကြသော စာအောင်သံဃာတော် များဖြစ်သည့် ပထမကြီးတန်းအောင် (၄) ပါး၊   အခြေပြုမူလတန်းအောင် (၈) ပါးနှင့်  ဓမ္မာစရိယအောင် (၁၃) ပါးတို့အား အောင်လက်မှတ်များကို မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့၊ ဗိုလ်တထောင်ကျိုက်ဒေးအပ် ဆံတော်ဦးစေတီတော် ဂေါပကအဖွဲ့နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက အသီးသီးဆပ်ကပ်ခဲ့ကြောင်း သိရသည်။


ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးကြည်နိုင်နှင့် အဖွဲ့ဝင်များ၊ ဗိုလ်တထောင် ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော် ဂေါပကအဖွဲ့နှင့် ဌာနဆိုင်ရာများမှတာဝန်ရှိသူများက ဝတ္ထုငွေများအား ဆပ်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။


သတင်း - သိန်းသိန်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)