Pages

Pages

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ငြိမ်းချမ်းရေးကြိုးပမ်းဆောင်ရွက်မှုကြိုဆိုထောက်ခံပွဲ ပျော်ဘွယ်မြို့နယ်တွင် ကျင်းပ






MNP ၊ မေ ၂၃

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်၊ ပျော်ဘွယ်မြို့နယ်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ငြိမ်းချမ်းရေးကြိုးပမ်းဆောင်ရွက်မှုနှင့် ပြည်ပစွက်ဖက်မှုများကို ဆန့်ကျင်ရှုတ်ချပွဲအခမ်းအနားကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက ဦးဆောင်ကျင်းပခဲ့ရာ ရဟန်းရှင်လူပြည်သူ ၁၀၀၀၀ ကျော် တက်ရောက်ပါဝင်ခဲ့ကြောင်း သိရသည်။

အခမ်းအနားကို နံနက် ၈ နာရီအချိန်တွင် စတင် ကျင်းပခဲ့ပြီး ငြိမ်းချမ်းရေးကြိုးပမ်းဆောင်ရွက်မှု ကြိုဆိုထောက်ခံသည့် ဗီနိုင်းပိုစတာအား ရမည်းသင်းခရိုင်နှင့်ပျော်ဘွယ်မြို့နယ်ပါတီ တာဝန်ရှိသူများမှ ဖွင့်လှစ်ခြင်း၊ ငြိမ်းချမ်းရေး ချိုးဖြူငှက်များ လွှတ်ခြင်း၊ ငြိမ်းချမ်းရေးအထိမ်းအမှတ် မိုးပျံပူပေါင်းများလွှတ်တင်ခြင်းများကို ငြိမ်းချမ်းရေးကို ထောက်ခံကြိုဆိုသည့် ရဟန်းရှင်လူပြည်သူများက စုပေါင်း ဆောင်ရွက်ကြခြင်းဖြစ်ကြောင်း သိရသည်။

တက်ရောက်လာသည့် ငြိမ်းချမ်းရေးကို ထောက်ခံကြိုဆိုသည့် ရဟန်းရှင်လူပြည်သူများသည် ပျော်ဘွယ်မြို့ရှိ ရွှေပြည်သာ ဘုရားကွင်းသို့ ငြိမ်းချမ်းရေးကြွေးကြော်သံများဖြင့် ချီတက် ခဲ့ကြပြီး ပျော်ဘွယ်မြို့ ရွှေပြည်သာ ဘုရားကွင်းတွင် အမျိုးသားရေးဆရာတော် ဦးအဂ္ဂဓဇ(တောင်သာလေးဆရာတော်)အပါအဝင်း ငြိမ်းချမ်းရေးလိုလားထောက်ခံတဲ့ ပြည်သူ ၂ ဦးမှ ဦးဆောင် ဟောပြောခဲ့ကြကြောင်း သိရသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအပေါ် ကြိုဆိုထောက်ခံခြင်းနှင့် ပြည်ပစွက်ဖက်နှောက်ယှက်မှုများအား ကန့်ကွက်ရှုတ်ချပွဲကို နေပြည်တော်တွင် စတင်ကျင်းပခဲ့ပြီး ရန်ကုန်၊ မန္တလေး၊ ပျော်ဘွယ် မြို့နယ်များတွင် ဆက်လက်ကျင်းပခဲ့သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ က တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်များအား ငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေးရန် ဖိတ်ခေါ်ခဲ့ပြီးနောက် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) အဖွဲ့နှင့် စတင်တွေ့ဆုံဆွေးနွေးခဲ့ပြီး မွန်ပြည်သစ်ပါတီ (MMSP) နှင့် ဆက်လက်ဆွေးနွေးလျက်ရှိသည်။

ငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေးရန် တိုင်းရင်းသားလက်နက်ကိုင် (၁၀)ဖွဲ့က အကြောင်းပြန်ကြားထားပြီး ငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေးမှုများအပေါ် ငြိမ်းချမ်းရေးကို လိုလားသည့် ရဟန်းရှင်လူ ပြည်သူများက တခဲနက် ကြိုဆိုထောက်ခံအားပေးလျက်ရှိသည်။


https://t.me/MyanmarNationalPost


No comments:

Post a Comment