နမ္မတူတွင် “ဝန်ထမ်းပေါင်းစုံ” ငွေစုငွေချေး သမဝါယမအသင်းလီမိတက်၏ ၂၀၂၁-၂၀၂၂ ခု၊ ဘဏ္ဍာရေးနှစ်အတွက် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းဝေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နမ္မတူတွင် “ဝန်ထမ်းပေါင်းစုံ” ငွေစုငွေချေး သမဝါယမအသင်းလီမိတက်၏ ၂၀၂၁-၂၀၂၂ ခု၊ ဘဏ္ဍာရေးနှစ်အတွက် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းဝေးကျင်းပ

 




MNP - မေ   ၂၃


ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင်“ဝန်ထမ်းပေါင်းစုံ” ငွေစုငွေချေး သမဝါယမအသင်းလီမိတက်၏ ၂၀၂၁-၂၀၂၂ ခု၊ ဘဏ္ဍာရေးနှစ်အတွက် နှစ်ပတ်လည် အရပ်ရပ်ဆိုင်ရာအစည်းအဝေးကို ယမန်နေ့နံနက် (၁၀)နာရီအချိန်က အဆိုပါ အသင်းရုံးခန်းမ၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကျန်းမာရေးလမ်းညွှန်ချက်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


အစည်းအဝေးတွင် ရှေ့ဦးစွာ မြို့နယ်သမဝါယမဦးစီးဌာနမှဦးစီးအရာရှိ ဦးဆမ်မန်းက အမှာစကားပြောကြားခဲ့ပြီး “ဝန်ထမ်းပေါင်းစုံ” ငွေစုငွေချေး သမဝါယမအသင်းလီမိတက်၏ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်(မီနီဘတ်ဂျက်)အတွက် အသင်းအမှုဆောင်ဒါရိုက်တာအဖွဲ့၏ အစီရင်ခံစာ၊ အရှုံးအမြတ်စာရင်း၊ လက်ကျန်ရှင်းတမ်း၊ အမြတ်ခွဲဝေစာရင်းနှင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွက် ရှေ့လုပ်ငန်းစဉ်များကို အမှုဆောင်ဒါရိုက်တာ အဖွဲ့ဝင်တစ်ဦးမှလည်းကောင်း၊ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်(မီနီဘတ်ဂျက်)အတွက် အသင်းစာရင်းစစ်အဖွဲ့ အစီရင်ခံစာကို အသင်းစာရင်းစစ်အဖွဲ့ဝင်တစ်ဦးမှလည်းကောင်း ဖတ်ကြားတင်သွင်းခဲ့ရာသဘာပတိကြီးမှ အတည်ပြုလက်ခံခဲ့ကြောင်း သိရသည်။


ဆက်လက်၍ မြို့နယ်အဆင့်ဖွဲ့စည်းရေးကော်မတီဥက္ကဋ္ဌ ဦးဆမ်မန်းက အမှုဆောင်ဒါရိုက်တာ အဖွဲ့ရွေးချယ်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး၊ ကော်မတီ၏ ကြိုတင်ညှိနှိုင်းအစည်းအဝေးဆုံးဖြတ်ချက်ဖြင့် ရွေးချယ်ထားသော အမှုဆောင်ဒါရိုက်တာအဖွဲ့၏ အမည်စာရင်းများကို ဖတ်ကြားပေးကာအတည်ပြုချက်ရယူခဲ့ကြောင်း သိရသည်။


သို့ဖြစ်ပါ၍ ရွေးချယ်ထားသော အမှုဆောင်ဒါရိုက်တာအဖွဲ့ဝင်များမှ ကတိသစ္စာခံယူပြီး ရွေးချယ်ထားသော အသင်းဥက္ကဋ္ဌမှ အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။


သတင်း - လူမော်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)