နေပြည်တော် ကောင်စီဝင်အဖွဲ့ဝင် ဦးမြင့်စိုး စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍအတွက်ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံပွဲအခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နေပြည်တော် ကောင်စီဝင်အဖွဲ့ဝင် ဦးမြင့်စိုး စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍအတွက်ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံပွဲအခမ်းအနားကျင်းပ

 



MNP - မေ   ၃၁


ပြည်ထောင်စုနယ်မြေ၊ ဒက္ခိဏခရိုင်၊ လယ်ဝေးမြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍများဖွံ့ဖြိုး တိုးတက်လာနိုင်စေရန်အတွက် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးသည် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံပွဲအခမ်းအနားကို မေ(၃၁)ရက် နံနက်(၁၀)နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာ၊ အစည်းအဝေးခန်းမတွင် ကျင်းပသည်။


ရှေးဦးစွာ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးက လူမှုစီးပွားဘဝဖွံ့ဖြိုးတိုတက်လာစေရန်အတွက် လယ်ဝေးမြို့နယ်အတွင်း စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်းများ ပိုမိုအားစိုက်ဆောင်ရွက်ပြီး ဒေသဝမ်းစာ ဖူလုံရုံမက ထုတ်ကုန်နှစ်ဆထုတ်လုပ်လာနိုင်စေရေးနှင့် ကျန်းမာရေး၊ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များအား အထူးဂရုပြု ဆောင်ရွက်သွားကြရန်ဖြင့် အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဆောင်က စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ အားစိုက်လုပ်ကိုင်ရာတွင် အခက်အခဲများ ရှိပါက မြို့နယ်ဌာနဆိုင်ရာများ၏ အကူအညီရယူပြီး စနစ်တကျဆောင်ရွက်သွားကြရန် ပြောကြားသည်။


ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁) ဗိုလ်မှူးမင်းကျော်သူက ပြည်သူများလုံခြုံစွာနေထိုင်နိုင်ရေး အတွက် ပြည်သူ့ကာကွယ်ရေးအဖွဲ့များဖွဲ့စည်းရန်  ရပ်ကွက်/ကျေး ရွာအုပ်ချုပ်ရေးမှူးများအား ကြိုတင်စီစဉ် ဆောင်ရွက်ထားကြရန်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်(၂) ဦးဝင်းအောင်က တောင်သူများစိုက်ပျိုးကြသည့် စပါးဈေးကွက်များ ကောင်းလာသဖြင့် အထွက်နှုန်းကောင်းမွန်အောင် ပိုမိုစိုက်ပျိုးကြရန် ပြောကြားခဲ့သည်။ ထို့နောက် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများက မိမိတို့၏ အခက်အခဲများကိုတင်ပြရာတွင် လယ်ဝေးမြို့နယ်အနေဖြင့် စပါးရောင်းလိုအားများပြီး ဝယ်လိုအားနည်းသဖြင့် လျော့ပေါ့ဈေးများရရှိခြင်း၊ မွေးမြူရေးကဏ္ဍတွင် ကာကွယ်ဆေးများထိုးနှံရာတွင် ကျေးရွာများအရောက် စနစ်တကျထိုးနှံနိုင်ရေး၊ ငါးသားပေါက်များ လုံလောက်စွာရရှိရေး၊ လယ်ယာမြေများရေလုံလောက်စွာရရှိရေးနှင့် လျှပ်စစ်မီးရရှိရေးတို့ကို တင်ပြပြီး နေပြည်တော်ကောင်စီအဖွဲ့ဝင်က သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)