ကျောက်မဲမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနတွင် နေကြာသီးနှံဆိုင်ရာ နည်းပညာဆွေးနွေးပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်မဲမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနတွင် နေကြာသီးနှံဆိုင်ရာ နည်းပညာဆွေးနွေးပွဲကျင်းပ

 




MNP - မေ   ၁၉


ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ရုံးခန်းမတွင် ယနေ့နံနက် ၉ နာရီအချိန်က နေကြာသီးနှံဆိုင်ရာ နည်းပညာပေးဆွေးနွေးပွဲ ဆောင်ရွက်ခဲ့ရာ ကျေးရွာအုပ်စု ၁၅ အုပ်စုမှ  နေကြာသီးနှံ စိုက်ပျိုးမည့် တောင်သူ ၃၀ ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။အဆိုပါဆွေးနွေးပွဲတွင် ကျောက်မဲမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးလှိုင်မင်းစိုးက အဖွင့်အမှာစကားပြောကြားခဲ့သည်။


ယင်းနောက် ကျောက်မဲခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှ မြေအသုံးချ တာဝန်ခံ ဒေါ်ခင်မြင့်နွယ်က မြေဆီလွှာထိန်းသိမ်းရေး ကွန်တိုကန်သင်းပြုလုပ်ခြင်းနှင့် EMဘိုကာရှီ မြေဆွေးပြုလုပ် သုံးစွဲနည်းများကိုလည်းကောင်း၊ ပိုးမွှားတာဝန်ခံ ဒေါ်ချောစုထွေးက နေကြာသီးနှံနှင့်ပတ်သက်၍ ပိုးမွှားကာကွယ် နှိမ်နှင်းခြင်းနည်းလမ်းများကိုလည်းကောင်း၊ ကျောက်မဲမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ဆွေဆွေမြင့်က နေကြာသီးနှံမျိုးစေ့ ထုတ်လုပ်ခြင်းနှင့် စိုက်ပျိုးနည်းစနစ်များကိုလည်းကောင်း အသီးသီးရှင်းလင်းဆွေးနွေးခဲ့သည်။


ကျောက်မဲမြို့နယ်တွင် ယမန်နှစ်က နေကြာစိုက်ပျိုးမှုအရ  နေကြာတစ်ဧက လျှင် ဆီ ၆၀ ပိဿာနှုန်း ပျမ်းမျှ ထွက်ရှိခဲ့ခြင်းကြောင့်  ယခုနှစ်တွင်  နေကြာစိုက်ပျိုးရန် စိတ်ဝင်စားသည့် တောင်သူအများအပြားရှိလာပြီး နေကြာစိုက်ပျိုးရန်အတွက် ကျောက်မဲမြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနသို့  ရေဆင်းစပ်မျိုး-၁ အမျိုးအစား နေကြာမျိုးစေ့ ဧက ၄၀၀ ဧက စာခန့် မှာယူထား‌မှုများရှိကြောင်း  စိုက်ပျိုးရေးဦးစီးဌာန၊ ကျောက်မဲမြို့နယ်ဦးစီးမှူး၏ ပြောကြားချက် အရသိရသည်။


သတင်း - မိုင်းထွန်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)