ကြာအင်းဆိပ်ကြီးမြို့နယ်၌ ဒေသခံတောင်သူများအား မိုးစပါးချေးငွေများ ထုတ်ချေးပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကြာအင်းဆိပ်ကြီးမြို့နယ်၌ ဒေသခံတောင်သူများအား မိုးစပါးချေးငွေများ ထုတ်ချေးပေး



MNP - မေ   ၁၉


မိုးရာသီကာလ၌ တောင်သူလယ်သမားဦးကြီးများအနေဖြင့် မိုးစပါးများပျိုးထောင်စိုက်ပျိုးရန် စတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိရာ ပြည်ထောင် စုသမ္မတမြန်မာနိုင်ငံတော်အစိုးရအနေ ဖြင့် နိုင်ငံတစ်ဝန်းရှိ တောင်သူများအား မိုးစပါးအျားအား အဆင်ပြေစွာ ပျိုးထောင်စိုက်ပျိုး နိုင်စေရေး မျိုးစရိတ် ပျိုးထောင်စိုက်ပျိုးစရိတ်များနှင့် ဓာတ်မြေဩဇာထည့်သွင်းသုံးစွဲမှုများအား အဆင်ပြေစွာ အသုံးပြုနိုင်စေရေးအတွက် မိုးစပါးချေးငွေများကို မြန်မာ့လယ်ယာဖွံ့ဖြိုး ရေးဘဏ်များ၌ ထုတ်ယူချေးပေးလျက်ရှိကြောင်း သိရသည်။


အဆိုပါမိုးစပါးချေးငွေများအား ထုတ်ယူချေးပေးလျက်ရှိရာ ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ်၌ မေလ ၁၆ ရက်နေ့မှစတင်ပြီး ရပ်ကွက်/ကျေးရွာအုပ်စု ကျေးရွာများမှ မိုးစပါးပျိုးထောင်စိုက်ပျိုးလုပ်ကိုင်မည့် ဒေသခံတောင်သူဦးကြီးများအား မြန်မာ့လယ်ယာဖွံ့ဖြို့ရေးဘဏ် ကြာအင်းဆိပ်ကြီးမြို့နယ်ဘဏ်ခွဲ၌ စနစ်တကျထုတ်ချေးပေးလျက်ရှိရာ ယနေ့နံနက်(၁၀)နာရီအချိန်က ကမော့ကျေးရွာအုပ်စုရှိ ကျေးရွာများမှ ဒေသခံ တောင်သူများအား စနစ်တကျ ထုတ်ချေးပေးလျင်ရှိကြောင်း သိရသည်။


မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ၌ မိုးစပါးချေးငွေလာရောက်ထုတ်ချေးသည့် တောင်သူများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့အဖွဲ့ဝင်ဦးအောင်ဇော်လတ်က တောင်သူဦးကြီးများအား တွေ့ဆုံအားပေးအမှာစကားပြောကြားပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးစောဝေလင်းညွန့်က မိုးစပါးစိုက်ဧကများကို ပြည့်မှီစွာစိုက်ပျိုးနိုင်စေရေး မျိုးစပါးလိုအပ်မှုများ ဓာတ်မြေဩဇာလိုအပ်မှုများနှင့် ပျိုးထောင်စိုက်ပျိုးမှုလိုအပ်ချက်များရှိလာပါက ကူညီ ဆောင်ရွက်ပေးနိုင်မည့်ကိစ္စရပ်များနှင့် အခြေအနေများအား ရှင်းလင်း‌ဆွေးနွေးပြောကြား သည်။


ထို့နောက်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် ကြာအင်းဆိပ်ကြီးမြို့နယ်ဘဏ်ခွဲမှ မန်နေဂျာဦးမင်းသက်စံကတောင်သူများအား မိုးစပါးချေးငွေ ထုတ်ချေးပေးနိုင်မှုလျာထားချက်များ ထုတ်ချေးပေးလျက်ရှိသည့် အခြေအနေများ ချေးငွေထုတ်ချေးပေးနိုင်ရေးအတွက် သတ်မှတ် စည်းမျဉ်းစည်းကမ်းများအား ရှင်းလင်းပြောကြားပြီး တောင်သူများအား မိုးစပါးချေးငွေ များကို မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ တာဝန်ရှိသူဝန်ထမ်းများက စည်းမျဉ်းစည်းကမ်း များနှင့်အညီ စနစ်တကျ ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။


ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်း၌ ၂၀၂၂ ခုနှစ် မိုးစပါးချေးငွေများကို ကျေးရွာအုပ်စု(၁၂)အုပ်စု၊ စိုက်ပျိုးတောင်သူ(၈၆၂)ဦး၊ စိုက်ပျိုးဧကပေါင်း (၅၈၀၀)ဧကအား တစ်ဧကလျှင် ငွေကျပ်(၁၅၀၀၀၀)ကျပ်နှုန်းဖြင့် စုစုပေါင်းငွေကျပ် သိန်း(၈၇၀၀)ကျပ်သိန်း ထုတ်ချေးသွား ရန်လျာထားကြောင်း သိရသည်။


သတင်း - မျိုးမင်းဦး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)