တောင်သာမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းသား/သမီးများအား ပညာသင်စရိတ်ထောက်ပံ့ငွေနှင့်ပစ္စည်းများပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တောင်သာမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းသား/သမီးများအား ပညာသင်စရိတ်ထောက်ပံ့ငွေနှင့်ပစ္စည်းများပေးအပ်

 



MNP - မေ   ၃၁


မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် တောင်သာမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် တာဝန်ထမ်းဆောင်နေကြသော ဝန်ထမ်းများ၏ သား/သမီးများအား ပညာသင်စရိတ် ထောက်ပံ့ငွေနှင့်ပစ္စည်းများ ပေးအပ်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီအချိန်က မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးခန်းမတွင် ကျင်းပခဲ့ကြောင်းသိရသည်။


အဆိုပါ အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဟန်သူရက အဖွင့်အမှာစကား ပြောကြားပြီးနောက် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဟန်သူရ၊ မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီ ဥက္ကဋ္ဌ ဒေါ်ယမင်းတင်၊ ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှမျိုးနိုင်တို့က တက်ရောက်လာသည့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၏သား/သမီးများအား  မူလတန်းအဆင့် တစ်ဦးလျှင် (၅၀၀ဝိ/-) နှုန်း၊ အလယ်တန်းအဆင့်  တစ်ဦးလျှင် (၇၀၀ဝိ/-)နှုန်း၊ အထက်တန်းအဆင့်တစ်ဦးလျှင် (၁၀၀၀ဝိ/-)နှုန်း၊ တက္ကသိုလ်အဆင့် တစ်ဦးလျှင် (၂၀၀၀ဝိ/-)နှုန်းနှင့် ကျောပိုးအိတ်(အကြီး)(၃၀)လုံး၊ ကျောပိုးအိတ်(အသေး) (၂၇)လုံး၊ ဘောပင် (၃) ချောင်းပါ (၃၇)ဘူး၊ ကွန်ပါဘူး  (၂၉)ဘူး၊ ဗလာစာအုပ်(၆၀)ဒါဇင်အား အသီးသီးပေးအပ်ခဲ့ကြသည်။


ထိုသို့ပေးအပ်ရာ၌ မူလတန်းအဆင့် (၂၈)ဦး၊ အလယ်တန်းအဆင့် (၂၁)ဦး၊ အထက်တန်း အဆင့်(၈)ဦး၊ တက္ကသိုလ်အဆင့်(၈)ဦး စုစုပေါင်း (၆၅)ဦးအတွက် စုစုပေါင်းငွေကျပ် (၁၄၀၂၂၀၀) ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။


သတင်း - ကျော်မျိုးနိုင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)