မြို့သစ်မြို့နယ်တွင် လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးသွားသည့် အမိုးလန်အိမ်ခြေများအတွက် ထောက်ပံ့ငွေပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြို့သစ်မြို့နယ်တွင် လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးသွားသည့် အမိုးလန်အိမ်ခြေများအတွက် ထောက်ပံ့ငွေပေးအပ်

 


MNP - မေ  ၂၅


မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် မေ(၂၀)ရက်နှင့် (၂၂)ရက်နေ့များ၌ လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးသွားသည့်  ဒန့်ဒလွန်ပင်ကျေးရွာအုပ်စု၊  ကံဦးကျေးရွာမှ အမိုးလန်အိမ်ခြေ(၁)လုံးနှင့်ဖလန်တိုင်းကျေးရွာအုပ်စု၊ ဒဟတ်ကုန်းကျေးရွာမှ အမိုးလန်အိမ်ခြေ (၁)လုံးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးနှင့်ဆန်ရိက္ခာဖိုး  ထောက်ပံ့ငွေပေးအပ်ခြင်းကို  ယမန်နေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊  ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးရုံးခန်း၌ ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။


ထိုသို့ထောက်ပံ့ရာတွင် ဒဟတ်ကုန်းကျေးရွာမှ အမိုးလန်အိမ်ခြေ (၁)လုံး၊ အိမ်ထောင်စု(၁)စု၊ လူဦးရေ (၆)ဦးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ၆၀၀၀၀/-နှင့်ဆန်ရိက္ခာဖိုး ၁၂၆၀၀/-၊   ကံဦးကျေးရွာမှ   အမိုးလန်အိမ်ခြေ(၁)လုံး ၊   အိမ်ထောင်စု(၁)စု ၊  လူဦးရေ (၃)ဦးအတွက်  အိမ်ဆောက်ပစ္စည်းဖိုး၉၀၀၀၀/-နှင့် ဆန်ရိက္ခာဖိုး ၆၃၀၀/- စုစုပေါင်း အိမ်ဆောက်ပစ္စည်းဖိုး ၁၅၀၀၀၀/- (ကျပ်တစ်သိန်းငါးသောင်း)နှင့် ဆန်ရိက္ခာဖိုး ၁၈၉၀၀/-(ကျပ်တစ်သောင်းရှစ်ထောင်ကိုးရာတိတိ) အား  မြို့သစ်မြို့နယ် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းသာနှင့် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ဦးစီးမှူး ဒေါ်အေးမျက်ချယ်တို့မှ  အိမ်ထောင်စုများလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။


သတင်း - ဝင်းအိဇွန် 


မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)