MNP - မေ ၂၅
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် မေ(၂၀)ရက်နှင့် (၂၂)ရက်နေ့များ၌ လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးသွားသည့် ဒန့်ဒလွန်ပင်ကျေးရွာအုပ်စု၊ ကံဦးကျေးရွာမှ အမိုးလန်အိမ်ခြေ(၁)လုံးနှင့်ဖလန်တိုင်းကျေးရွာအုပ်စု၊ ဒဟတ်ကုန်းကျေးရွာမှ အမိုးလန်အိမ်ခြေ (၁)လုံးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးနှင့်ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေပေးအပ်ခြင်းကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးရုံးခန်း၌ ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။
ထိုသို့ထောက်ပံ့ရာတွင် ဒဟတ်ကုန်းကျေးရွာမှ အမိုးလန်အိမ်ခြေ (၁)လုံး၊ အိမ်ထောင်စု(၁)စု၊ လူဦးရေ (၆)ဦးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ၆၀၀၀၀/-နှင့်ဆန်ရိက္ခာဖိုး ၁၂၆၀၀/-၊ ကံဦးကျေးရွာမှ အမိုးလန်အိမ်ခြေ(၁)လုံး ၊ အိမ်ထောင်စု(၁)စု ၊ လူဦးရေ (၃)ဦးအတွက် အိမ်ဆောက်ပစ္စည်းဖိုး၉၀၀၀၀/-နှင့် ဆန်ရိက္ခာဖိုး ၆၃၀၀/- စုစုပေါင်း အိမ်ဆောက်ပစ္စည်းဖိုး ၁၅၀၀၀၀/- (ကျပ်တစ်သိန်းငါးသောင်း)နှင့် ဆန်ရိက္ခာဖိုး ၁၈၉၀၀/-(ကျပ်တစ်သောင်းရှစ်ထောင်ကိုးရာတိတိ) အား မြို့သစ်မြို့နယ် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းသာနှင့် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ဦးစီးမှူး ဒေါ်အေးမျက်ချယ်တို့မှ အိမ်ထောင်စုများလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။
သတင်း - ဝင်းအိဇွန်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment