Pages

Pages

မင်းတုန်းမြို့နယ်တွင် ကျေးရွာမီးလင်းရေး ဖွင့်ပွဲပြုလုပ်

 


MNP - မေ  ၂၅


မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ်၊ ကြို့ကုန်း၊ မအူဒိုင်းနှင့် မိုးကောင်း ကျေးရွာတို့တွင် ယမန်နေ့နံနက် ၁၀ နာရီက ဓါတ်အားပို့လွှတ်ခြင်းနှင့် ကြို့ကုန်းရွာတွင် ကျေးရွာမီးလင်းရေး ဖွင့်ပွဲပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင် (၁) ဗိုလ်မှူး မင်းအောင်ကျော်လင်း၊ မြို့နယ်လျှပ်စစ်မှူး ဦးထွန်းလွင်နှင့် ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဝင်းနိုင်စိုးတို့က  ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ကြပြီး လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့သည်။


ကျေးရွာမီးလင်းရေးလုပ်ငန်း ဆောင်ရွက်ရာတွင် 11KVA လိုင်း ဖြင့်ကြို့ကုန်းရွာတွင် 200KVA ထရန်စဖော်မာနှင့် မအူဒိုင်းရွာတွင် 100KVA လိုင်း ထရန်ဖော်မာကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် တိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေဖြင့် တည်ဆောက်ခဲ့ပြီး မိုးကောင်းကျေးရွာ မီးလင်းရေး အတွက် NEP Phase-2 ဖြင့် တည်ဆောက်ခဲ့ပြီး 11KVA လိုင်း 100KVA ထရန်စဖော်မာဖြင့် ဓါတ်အားပို့လွှတ်နိုင်ပြီဖြစ်၍ မိုးကောင်းကျေးရွာမှတဆင့် ကြို့ကုန်းရွာနှင့် မအူဒိုင်းကျေးရွာ သို့ ဓါတ်အားလိုင်း ချိတ်ဆက်ရသည့်အတွက် ကျေးရွာမီးလင်းရေး နောက်ကျရခြင်း ဖြစ်ကြောင်း မြို့နယ်လျှပ်စစ်မှူး ဦးထွန်းလွင်ထံမှ သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment