Pages

Pages

ညောင်လေးပင်မြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာ စာသင်ကျောင်းများတွင် ကျောင်းအပ်နှံရေး လုပ်ငန်းများ ဆောင်ရွက်


MNP - မေ  ၂၆


ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းနေအရွယ်ကလေးတိုင်း ပညာသင်ယူနိုင်ရေးအတွက် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းအပ်နှံရေးလုပ်ငန်းများကို ယနေ့မှ ဇွန်လ ၁ ရက်နေ့အထိ အခမဲ့ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။


“ကျောင်းနေအရွယ်ကလေးအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့” ဆောင်ပုဒ်နှင့်အညီ ကျောင်းအပ်နှံရေးလုပ်ငန်းများကို သက်ဆိုင်ရာ ကျောင်းအလိုက် ဆောင်ရွက်လျက်ရှိရာ အခကြေးငွေတစ်စုံတစ်ရာ ကောက်ခံခြင်းမရှိကြောင်းနှင့် ကျောင်းသုံးပုံနှိပ်စာအုပ်များ၊ ဗလာစာအုပ်များ၊ ဘောပင်၊ ခဲတံစသည်တို့ကို နိုင်ငံတော်မှ ထောက်ပံ့ပေးသွားမည်ဖြစ်သည်။


ညောင်လေးပင်မြို့နယ်တွင် အ.ထ.က (၁၄) ကျောင်း၊ အ.ထ.က-ခွဲ (၇) ကျောင်း၊ အ.လ.က (၁၃) ကျောင်း၊ အ.လ.က-ခွဲ (၂၄) ကျောင်း၊ မူ/လွန် (၁၀၈) ကျောင်း၊ အ.မ.က (၁၀) ကျောင်းနှင့် အ.မ.က-ခွဲ (၁) ကျောင်း စုစုပေါင်း (၁၇၇) ကျောင်း၌ ကျောင်းအပ်နှံရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment