ဂွမြို့တွင် အထက်တန်း၊ အလယ်တန်း၊ မူလတန်း ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံ ဆွေးနွေးပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဂွမြို့တွင် အထက်တန်း၊ အလယ်တန်း၊ မူလတန်း ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံ ဆွေးနွေးပွဲကျင်းပ




MNP ၊ မေ ၂၉

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်အတွင်းရှိ အခြေခံ အထက်တန်း၊အလယ်တန်းနှင့်မူလတန်းကျောင်းအုပ်ကြီးများ၏ ပညာရေးစီမံခန့်ခွဲမှု စွမ်းဆောင်ရည် မြင့်မားရေးအလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနား ကို ယနေ့ နံနက် ၁၀ နာရီ အချိန်က ဂွမြို့ အခြေခံပညာအထက်တန်းကျောင်းပညာရတနာခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည်။

ယနေ့ဆွေးနွေးပွဲတွင် မြို့နယ်ပညာရေးမှူးဦးဇော်ထွန်းအောင်၊  ဒုတိယမြို့နယ်ပညာရေးမှူး ဦးသန်းနိုင်နှင့် အထက်တန်းကျောင်းအုပ်တစ်ဦး၊ အလယ်တန်းကျောင်းအုပ်တစ်ဦး တို့က အထက်တန်း၊အလယ်တန်းနှင့်မူလတန်းကျောင်းအုပ်ကြီးများ၏ ပညာရေးစီမံခန့်ခွဲမှု စွမ်းဆောင်ရည် မြင့်မားရေးအလုပ်ရုံဆွေးနွေးပွဲနှင့်ပတ်သက်၍ ဦးဆောင်ဆွေးနွေး ပြောကြားခဲ့ကြောင်း သိရသည်။

အဆိုပါ ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှုစွမ်းဆောင်ရည် မြင့်မားရေးအလုပ်ရုံဆွေးနွေးပွဲသို့ ဂွမြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်း၊အလယ်တန်းနှင့်မူလတန်းကျောင်းအုပ် ဆရာကြီး၊ ဆရာမကြီး( ၁၁၀) ဦး တက်ရောက်ကြပြီး အလုပ်ရုံဆွေးပွဲကာလမှာ မေလ ၂၉ရက်နေ့မှ မေလ၃၀ရက်နေ့ထိ ဖြစ်ကာ နေ့စဉ်နံနက်၁၀နာရီမှညနေ၄နာရီခွဲထိ ဆွေးနွေး သွားကြမည်ဖြစ်ကြောင်း သိရသည်။


သတင်း - ရွှေရည်ဝင်းကျော်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)