ကျောင်းအပ်နှံရေးနေ့ အထိမ်းအမှတ် မြေစိုက်ပိုစတာ စိုက်ထူ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောင်းအပ်နှံရေးနေ့ အထိမ်းအမှတ် မြေစိုက်ပိုစတာ စိုက်ထူ






MNP - မေ   ၁၉


ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာ၊ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ကျောင်းအပ်နှံရေးနေ့ အထိမ်းအမှတ် မြေစိုက်ပိုစတာစိုက်ထူပွဲအခမ်းအနားကို မေလ ၁၉ ရက်နေ့ နံနက် ၇ နာရီခွဲခန့်က ကရင်ပြည်နယ်၊ ဘားအံမြို့၊ အမှတ်(၃)အခြေခံပညာကျောင်းရှေ့၌ ကျင်းပသည်။


ဦးစွာ ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီး ချုပ်ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ကျောင်းအပ်နှံရေးနေ့ မြေစိုက်ပိုစတာအား အမွှေးနံ့သာရည်များ ပတ်ဖြန်းပေးကြပြီး ပညာရေးဝန်ထမ်းများ၊ ခရိုင်၊မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့်ရပ်မိရပ်ဖများက ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ကျောင်းအပ်နှံရေးနေ့အထိမ်း အမှတ် မြေစိုက်ပိုစတာအား စိုက်ထူခဲ့ကြကာ အဆိုပါမြေစိုက်ပိုစတာရှေ့၌ စုပေါင်းမှတ်တမ်းဓါတ်ပုံများ ရိုက်ကူးခဲ့ကြကြောင်း သတင်းရသည်။


သတင်း - စောမျိုးမင်းသိန်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)