Pages

Pages

လက်ပံတန်းမြို့တွင် မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲကျင်းပ

 


MNP -  မေ   ၂၃


ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်း မြို့နယ်တွင် ၂၀၂၂ ခုနှစ် မိုးရာသီအကြို ကာလတွင် သစ်တော သစ်ပင်များ စိမ်းလန်းစိုပြေစေရေး သစ်တောပြုန်းတီးမှုများ မဖြစ်ပေါ်စေရေးနှင့် ကာကွယ်ထိန်းသိမ်းနိုင်ရန် လက်ပံတန်းမြို့နယ် သစ်တောဦးစီးဌာနမှ မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့နံနက် ၈ နာရီက သရက်တော ကျေးရွာ၌ ကျင်းပခဲ့ကြောင်း သိရသည်။


လက်ပံတန်းမြို့နယ် သစ်တောဦးစီးဌာနအနေဖြင့် သစ်တောသစ်ပင်များ ထိန်းသိမ်းခြင်း သစ်တောစိုက်ခင်းများ ထူထောင်ခြင်းဖြင့် သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်၍ ဒေသအပူချိန် လျော့ချနိုင်စေရန်နှင့် ဂေဟစနစ် ပြုပြင်ထိန်းသိမ်း ဆောင်ရွက်နိုင်စေရန် မန်ဂျန်ရှား ပျိုးပင် စုစုပေါင်း(၁၀၀၀)ကို စိုက်ပျိုးခဲ့ကြသည်။


အဆိုပါ သစ်ပင်စိုက်ပျိုးပွဲတော်သို့ လက်ပံတန်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဘုန်းလှိုင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် သစ်တောဦးစီးဌာမှ ဝန်ထမ်းများ စုစုပေါင်းတက်ရောက် အင်အား(၅၀)ဦးခန့်က မိုးရာသီအကြို ရေလောင်း၍ သစ်ပင်စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment