အောင်လံမြို့နယ်တွင် လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်(၄၂)လုံး အမိုးလန်၊ (၄)လုံးပြိုကျပျက်စီး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အောင်လံမြို့နယ်တွင် လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်(၄၂)လုံး အမိုးလန်၊ (၄)လုံးပြိုကျပျက်စီး





MNP - မေ   ၁

အောင်လံမြို့၌ ဧပြီ ၃၀ ရက် ညနေ ၄ နာရီခွဲခန့်မှ ၇ နာရီခွဲခန့်အထိ လေပြင်းတိုက်ခတ်၍ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် အောင်လံမြို့နယ် သရက်တောရပ်ကွက်၊ မကျီးကုန်းရပ်ကွက်၊ ဈေးကုန်းရပ်ကွက်၊ တရော်ကုန်းရပ်ကွက်၊ စမ်းချောင်းရပ်ကွက်၊ စက်ရုံရပ်ကွက်၊ ရွာထောင်ရပ်ကွက်၊ ရွာပြင်းကျေးရွာအုပ်စု ရွာပြင်းကျေးရွာ၊ ပိတောက်ကုန်းကျေးရွာအုပ်စု ပန်းမတကျေးရွာ၊ တန်ဘိုးကျေးရွာတို့မှ လူနေအိမ်(၄၂)လုံး အမိုးလန်ပျက်စီးဆုံးရှုးခဲ့ပြီး လူနေအိမ်(၄)လုံး ပြိုကျပျက်စီးခဲ့ကြောင်း သိရသည်။

အဆိုပါ လေဘေးသင့်နေရာများသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များမှ သွားရောက်ကြည့်ရှု၍ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် ညှိနှိင်းပေါင်းစပ်ကာ  ယာယီနေရာများ ချထားပေးကြောင်း၊ ကယ်ဆယ်ရေးပစ္စည်းများ ရရှိနိုင်ရေးအတွက် သက်ဆိုင်ရာ ဘေး/စီမံဌာနသို့ ဆက်သွယ်ဆောင်ရွက်ထားကြောင်းနှင့် လူနှင့် တိရစ္ဆာန်များ ထိခိုက်မှုမရှိကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ သိရသည်။

မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)