Pages

Pages

တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ်(သံလွင်)မှ နယ်လှည့်အထူးကုဆေးအဖွဲ့ ဘုတ်ပြင်းမြို့နယ်၊ ပုလဲကျွန်းနှင့် ပတ်ဝန်းကျင်ကျေးရွာများရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်



MNP ၊ မေ ၂၆

တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ကမ်းရိုးတန်းဒေသများမှ ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးရန် ရောက်ရှိနေသည့် တပ်မတော်ပင်လယ်သွား ဆေးရုံရေယာဉ် (သံလွင်)မှ နယ်လှည့်အထူးကုဆေးအဖွဲ့များသည် ယနေ့တွင် ဘုတ်ပြင်းမြို့နယ်၊ ပုလဲကျွန်း အခြေခံပညာ အထက်တန်း ကျောင်း(ခွဲ)၌ အခြေပြု၍ ပုလဲကျွန်းရှိ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူ ၃၁၆ ဦးအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက် ဆောင်ရွက်ပေးသည်။

ထိုသို့ ဆောင်ရွက်ပေးရာတွင် ဆေးကုသမှုဆိုင်ရာရောဂါ ၉၀ ဦး၊ ခွဲစိတ်ရောဂါ ၄၂ ဦး၊ သားဖွား မီးယပ်ရောဂါ ၄၃ ဦး၊ ကလေးရောဂါ ၄၁ ဦး၊ အရိုးရောဂါ ၃၇ ဦး၊ နား/ နှာခေါင်း၊ လည်ချောင်းရောဂါ ၁၉ ဦး၊ မျက်စိရောဂါ ၂၂ ဦးနှင့် သွားနှင့်ခံတွင်းရောဂါ ၂၂ ဦး စုစုပေါင်း ၃၁၆ ဦးတို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးသည်။

ထို့အပြင် ခွဲစိတ်ကုသရန်လိုအပ်သူ အထွေထွေခွဲစိတ်လူနာ ၁၈ ဦးနှင့် မျက်စိ ခွဲစိတ် ၁၃ ဦးတို့ကို ခွဲစိတ်ကုသမှုများ ဆောင်ရွက်ပေးပြီး ဓာတ်မှန်ရိုက်လူနာ ၁၆ ဦး၊ အာထရာဆောင်းဖြင့် စမ်းသပ်စစ်ဆေး လူနာ ၃၆ ဦး၊ ECG ဖြင့် နှလုံးစမ်းသပ်လူနာ ၄၂ ဦး၊ ဓာတ်ခွဲစမ်းသပ် လူနာ ၄၉ ဦးနှင့် ကွန်ပျူတာဓာတ်မှန်ရိုက်လူနာ ၂ ဦးတို့ကို ရောဂါရှာဖွေ စမ်းသပ်ကုသပေးခြင်းများ ဆောင်ရွက်ပေးနိုင်ခဲ့သည်။

၎င်းအပြင် ဆေးရုံရေယာဉ်ပေါ်ရှိ သားဖွားခန်း၌ ကိုယ်ဝန်ဆောင်မိခင်တစ်ဦးအား အောင်မြင်စွာ ခွဲစိတ်မွေးဖွား ပေးနိုင်ခဲ့ပြီး ၎င်းအား ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် က ပေးအပ်သည့် ထောက်ပံ့ငွေနှင့် လက်ဆောင်ပစ္စည်းများကို တာဝန်ရှိတစ်ဦးက ကိုယ်စားပေးအပ်သည်။ အဆိုပါ ကလေးငယ်သည် ယခုခရီးစဉ် အတွင်း တတိယမြောက် မွေးဖွားပေးခဲ့သည့် ကလေးငယ်ဖြစ်ပြီး ဆေးရုံရေယာဉ်၏ ၂၀၁၆ ခုနှစ်မှစ၍ ဆေးကုသမှုများ ပြုလုပ်ပေးမှုသမိုင်းတွင် ၁၅ ဦးမြောက်အဖြစ် အောင်မြင်စွာ မွေးဖွားပေးနိုင်ခဲ့ခြင်း ဖြစ်ကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment