Pages

Pages

ပြည်ထဲရေးဝန်ကြီးဌာန မိသားစုများက ဆွမ်းဆန်တော်များ လှူဒါန်း



MNP - မေ   ၂၇


ပြည်ထဲရေးဝန်ကြီးဌာနတပ်ဖွဲ့ဝင် ဝန်ထမ်းအရာထမ်းအမှုထမ်း မိသားစုများက မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော် များ ဆက်ကပ်လှူဒါန်းခြင်းများ ဆောင်ရွက်လျက်ရှိသည်။


ထိုသို့ ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက် ၈ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင် ဗဟန်းမြို့နယ်၊ ကြားတောရ ရပ်ကွက်ရှိ ပါဠိတက္ကသိုလ် ညောင်တုန်းကျောင်းတိုက်ရှိ သံဃာတော် (၈၈) ပါးတို့အတွက် ဆွမ်းဆန်တော်များကို ဗဟန်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်ကိုလတ်နှင့် တာဝန်ရှိသူများက ကျောင်းတိုက်ဆရာတော်ဦး အဘိဇာတထံသွားရောက် လှူဒါန်းခဲ့ကြောင်း သိရသည်။


သတင်း - အောင်မြင့်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment