မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့် ဆင်ပေါင်ဝဲမြို့နယ်၌ ဌာနဆိုင်ရာများနှင့်တွေ့ဆုံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့် ဆင်ပေါင်ဝဲမြို့နယ်၌ ဌာနဆိုင်ရာများနှင့်တွေ့ဆုံ




MNP ၊ မေ ၂၇

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်၊ လူမှုရေးရာဝန်ကြီးဦးစိုးပိုင်မြင့်သည် ယမန်နေ့က ဆင်ပေါင်ဝဲမြို့နယ်သို့ ရောက်ရှိ၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးမှုမှတ်တမ်းအား e-ID စနစ်ဖြင့် Data ဖြည့်သွင်းဆောင်ရွက်နေမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးအားပေးခဲ့ပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့သည်။


ထို့နောက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီဌာန ရုံးဧည့်ခန်းမ၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်း‌ဇော်ဦး၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဆင်ပေါင်ဝဲမြို့နယ် ဦးစီးမှူးရုံးမှ မြို့နယ်စီးမှူးဦးကျော်မြင့်နှင့် ဌာနဆိုင်ရာများအား တွေ့ဆုံ၍ လုပ်ငန်းများဆောင် ရွက်ရန် လမ်းညွှန်မှာကြားခဲ့သည်။


တွေ့ဆုံပွဲတွင် လူမှုရေးရာဝန်ကြီးက ဌာနဆိုင်ရာများအနေဖြင့် မိမိတို့ဌာနလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပြည်သူကိုတိုက်ရိုက်ထိရောက်မှုရှိရန် လိုအပ်ပါကြောင်း၊ ယခုအခါအခြေခံပညာ ကျောင်းများတွင် ကျောင်းအပ်နှံနေကြပြီဖြစ်သည့်အတွက် ရာနှုန်းပြည့်ကျောင်းအပ်နှံနိုင်ရေး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန်၊ နိုင်ငံတော်မှအခမဲ့ပံ့ပိုးပေးသည့် ကျောင်းသုံးဗလာစာအုပ်များ၊ ပုံနှိပ်စာအုပ်များ၊ ခဲတံများအားကျောင်းသားများ လက်ဝယ်အရောက် ချက်ချင်းပံ့ပိုးပေးရန်၊ အသက် ၁၂ နှစ်အထက် ကာကွယ်ဆေးထိုးရန် ကျန်ရှိနေသေးသည့် ကျောင်းသားကျောင်းသူများအား ကိုဗစ်-၁၉ ကာကွယ်ဆေးများ အမြန်ဆုံးထိုးနှံပေးရန်၊ သွေးလွန်တုပ်ကွေးရောဂါများ ပြန့်ပွားမှုမရှိစေရေး ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်၊ ဆို၊ က၊ ရေး၊ တီး ပြိုင်ပွဲများ ကျင်းပပြုလုပ်မည် ဖြစ်သည့်အတွက် ဝါသနာရှင်များ၊ ပညာရှင်များ ပါဝင်ယှဉ်ပြိုင်နိုင်ရေး ဆောင်ရွက်ရန်၊ ကျောင်းသား/ကျောင်းသူများ၊ လူငယ်လူရွယ်များ အားကစားပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ် ပြိုင်နိုင်ရေး ဆောင်ရွက်ရန်၊ သဘာဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ ပြင်ဆင်ဆောင်ရွက်ထားရှိရန်၊ သဘာဝဘေးအန္တရာယ် ဖြစ်ပေါ်ပါက ထိခိုက်ပျက်စီးမှုအတွက် ကယ်ဆယ်ရေးပစ္စည်းများ အချိန်နှင့်တပြေးညီ ပေးအပ်နိုင်ရေး စီမံဆောင်ရွက်ထားရှိရန်၊ ရွေးကောက်ပွဲဆိုင်ရာ မဲစာရင်းများ ပြုစုရေးသွင်းရာတွင် အချက်အလက်များ ပြည့်စုံမှန်ကန်စေရေးအတွက် နိုင်-၄ မှတ်တမ်းများ Excel Format ရေးသွင်းနေမှုနှင့် e-ID စနစ် Software ရေးသွင်းမှုအားပြီးစီးရေးအလေးထား ဆောင်ရွက်ရန်တို့ကို ဆွေးနွေးပြောကြားခဲ့သည်။


ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးသိန်း‌ဇော်ဦးနှင့် တက်ရောက်လာသည့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ဌာနအလိုက်လုပ်ငန်း ဆောင်ရွက်နေမှုများအား ရှင်းလင်းတင်ပြခဲ့ရာ လူမှုရေးရာဝန်ကြီးက လိုအပ်သည်များအား လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။


သတင်း - နိုင်လင်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)