Pages

Pages

နတ်တလင်းမြို့နယ်တွင် ဒေသဖွံ့ဖြိုးရေးကိစ္စရပ်များ ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်

 


MNP - မေ  ၂၅


ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရုံးအစည်းအဝေးခန်းမ၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်/ ကျေးရွာအုပ်‌ချုပ်ရေးမှူးများ တွေ့ဆုံကာ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီအချိန်က ပြုလုပ်ခဲ့သည်။


အဆိုပါအစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်ကျော်ဦးမှ စာသင်ကျောင်းများပုံမှန်ဖွင့်လှစ်နိုင်ရေး၊ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နိုင်ရေး၊ စိုက်ပျိုး‌ရေး၊ မွေးမြူရေးလုပ်ငန်းများ၊ ကုန်ထုတ်လုပ်မှုလုပ်ငန်းများ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရေးကိစ္စရပ်များ၊ လုံခြုံ‌ရေးကိစ္စရပ်များကို ဂရုပြုဆောင်ရွက်နိုင်ရေး ဆွေးနွေးပြောကြားသည်။


ထို့နောက် ဌာနဆိုင်ရာအကြီးအကဲများက ဌာနအနေဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် လုပ်ငန်းအခြေအနေများကို အသီးသီးဆွေးနွေးတင်ပြခဲ့ပြီး၊ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများက လိုအပ်ချက်များကို မေးမြန်းဆွေးနွေးခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌက သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။


သတင်း - ဝေယံဖြိုး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment