ကျောက်ပန်းတောင်းမြို့နယ် ဘိုးဘွားရိပ်သာတွင် မိုးရာသီအကြိုသစ်ပင်စိုက်ပျိုးပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်ပန်းတောင်းမြို့နယ် ဘိုးဘွားရိပ်သာတွင် မိုးရာသီအကြိုသစ်ပင်စိုက်ပျိုးပွဲကျင်းပ

 





MNP - မေ  ၂၃


မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် သစ်တော်ဦးစီးဌာနနှင့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ စုပေါင်း၍ မိုးရာသီအကြိုသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက်(၈) နာရီအချိန်ကရေထွက်ကျေးရွာ အနီးရှိဘိုးဘွားရိပ်သာတွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။


အဆိုပါ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ကျောက်ပန်းတောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ အနီးကပ်ကြီးကြပ်မှုဖြင့် စီစဉ်ဆောင်ရွက်ခြင်းဖြစ်ပြီး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းလွင်၊သစ်တောဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးဇော်လင်း၊ ကျောက်ပန်းတောင်းမြို့နယ် သစ်တောဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးဝင်းဇော်နှင့် တောခေါင်း/တောကြပ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်ဝန်ထမ်းများ၊  မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် မြို့နယ်စည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီဥက္ကဋ္ဌ ဒေါ်နှင်းနှင်းဝေနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာကော်မတီဝင်များ၊ စုစုပေါင်းအင်အား (၁၄၆)ဦးဖြင့် ဘိုးဘွားရိပ်သာဝန်းအတွင်း စိုက်ပျိုးမြေကွက်လပ်ရှိ သတ်မှတ်နေရာအသီးသီးတွင် ကျွန်း(၇၀) ပင်၊ ယင်းမာ(၅၀)ပင်၊ မယ်ဇလီ (၅၀)ပင်၊ ကုက္ကိုလ်(၅၀)ပင်၊ မန်ကျည်း(၅၀)ပင် စုစုပေါင်းပျိုး ပင်(၂၇၀)ကိုတစ်ပင်နှင့် တစ်ပင်(၉)ပေစီခြား၍ (၂)ပေပတ်လည်အကျယ်၊ (၂)ပေအနက် မြေကျင်းများတွင် စိုက်ပျိုးပေးခဲ့ကြကြောင်း သိရသည်။


သတင်း - နေအောင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)