MNP ၊ မေ ၂၁
ကျိုက်ထိုမြို့နယ်တွင် မေ(၂၀)ရက် ည(၁၁)နာရီ (၂၀) မိနစ် ခန့်တွင် မိုးသည်း ထန်စွာ ရွာသွန်းမှုကြောင့် ကျိုက်ထိုမြို့နယ် ၊ ကင်မွန်းချောင်းကျေးရွာ၊ ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်၏ အနောက် မြောက်ဘက် ကိုက်(၃၀၀)ခန့်အကွာ ကျီးပါးစပ် လှိုဏ်ဂူ အနီးရှိ ဦးမင်းထိုက် (ဘ)ဦးသက်အုံး၊ ပိုင်ဆိုင်သည့် “စွမ်းထက်” ဆေးမြစ်စုံ အရောင်းဆိုင်၏အပေါ် သို့ (၁၀)ပေခန့်အကွာမှ ဗျက်(၁၀)ပေခန့်၊ ထု(၇)ပေခန့်ရှိသည့် ကျောက်လုံးမှာ မိုးရေတိုက်စားမှုကြောင့် မြေကြီးမှကွာကျကာ အလျား (၃၀)ပေ၊ အနံ(၂၀)ပေ၊ အမြင့်(၆)ပေခန့်ရှိ “စွမ်းထက်”ဆေးမြစ်စုံ အရောင်းဆိုင်ခန်း၏ အနောက် ဘက် ခေါင်မိုးပေါ်သို့ ပိကျခဲ့ရာ အလျား(၁၀)ပေ၊ အနံ(၁၀)ပေခန့် သွပ်မိုး၊ သွပ်ကာဆိုင်ခန်းမှာ ပျက်စီးသွားခဲ့ပြီး ဆုံးရှုံးမှု တန်ဘိုးကျပ်(၁၀၀၀၀၀)ခန့် ဆုံးရှုံးခဲ့ကာ၊ လူ/တိရိစ္ဆာန် ထိခိုက်ဒဏ်ရာ ရရှိမှု မရှိကြောင်းသိရသည်။
အဆိုပါ ကျောက်လုံးပိကျသည့်နေရာအား ကျိုက်ထိုမြို့နယ် ၊ ရင်ပြင်တော် ရဲကင်းစခန်းမှူး ရဲအုပ် ထွန်းအေး ၊ ရင်ပြင်တော် မီးသတ်စခန်းမှ လက်ထောက်ဦးစီးမှူး ဦးအောင်ငြိမ်း နှင့် အရံမီးသတ် တာဝန်ခံ ဦးသန်းမင်းဦး အဖွဲ့၊ ရင်ပြင်တော် ရာအိမ်မှူး ဦးအောင်စိုးလင်း အဖွဲ့တို့မှ ပူးပေါင်းရှင်းလင်း ကူညီဆောင်ရွက်လျက်ရှိပြီး" စွမ်းထက်" ဆေးမြစ်စုံအရောင်းဆိုင်တွင် နေထိုင်သည့် ဦးမင်းထိုက်၊ ဇနီးဖြစ်သူ ဒေါ်သန်းသန်းဝင်း နှင့် ကလေး (၂)ဦးတို့မှာ နီးစပ်ရာ ဦးကျော်မင်းဦး၏နေအိမ်တွင် ခေတ္တပြောင်းရွေ့နေထိုင်လျက်ရှိကြောင်း သတင်းရရှိပါသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment