Pages

Pages

ငါန်းဇွန်မြို့၌ မြို့နယ်အဆင့် ဌာနဆိုင်ရာများ ပူးပေါင်း၍ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်



MNP - မေ   ၂၂


မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ ငါန်းဇွန်မြို့ ပြည်သူ့ဆေးရုံဝင်းအတွင်း၌ ယမန်နေ့နံနက် ၇နာရီ အချိန်မှစ၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ ပူးပေါင်း၍ ပြည်သူလူထု၏ ကျန်းမာရေးကောင်းမွန်စေရန်နှင့် သန့်ရှင်းသာယာလှပသော ပတ်ဝန်းကျင်များ ဖြစ်ပေါ်စေရေးအတွက် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဋ္ဌ ဦးမျိုးမင်းသိန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ် ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ ငါန်းဇွန်မြို့နယ် ပြည်သူ့ဆေးရုံဝင်းအတွင်းရှိ ခြုံနွယ်ပင်များ၊ မြက်ပင်များနှင့် အမှိုက်သရိုက်များအား ပြည်သူလူထု၏ ကျန်းမာရေးကောင်းမွန်စေရန်နှင့် ပတ်ဝန်းကျင်သန့်ရှင်း သာယာလှပရေးအတွက် စုပေါင်းရှင်းလင်း ဖယ်ရှားပေးခဲ့ကြောင်း သိရသည်။


သတင်း - သက်နောင်ဦး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment