အနဂ္ဃရတနာမြေ ဓာတ်ပုံပြပွဲကျင်းပရေး ကြိုတင်ညှိနှိုင်းအစည်းအဝေး ငပလီမြို့၌ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အနဂ္ဃရတနာမြေ ဓာတ်ပုံပြပွဲကျင်းပရေး ကြိုတင်ညှိနှိုင်းအစည်းအဝေး ငပလီမြို့၌ကျင်းပ


MNP ၊ မေ ၂၈

ရခိုင်ပြည်နယ်၊ မြောက်ဦးယဉ်ကျေးမှုအမွေအနှစ်ဒေသအား ကမ္ဘာ့အမွေအနှစ်စာရင်း ဝင်ရောက်နိုင်ရေးအတွက် ကျင်းပပြုလုပ်မည့် အနဂ္ဃရတနာမြေဓာတ်ပုံပြပွဲ ကျင်းပရေးကြိုတင် ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၂ နာရီက သံတွဲမြို့နယ်၊ ငပလီမြို့ ဇီးဖြူကုန်းရပ်ကွက်ရှိ Ngapali Paradise Hotel တွင်ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါအစည်းအဝေးသို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင် ၊ ပြည်နယ်စီးပွါးရေးရာဝန်ကြီးဦးစံရွှေမောင် တက်ရောက်အမှာစကားပြောကြားသည်။ ထိုသို့ပြောကြားရာတွင် မြောက်ဦးယဉ်ကျေးမှုအမွေအနှစ် ဒေသအားကမ္ဘာ့အမွေအနှစ်စာရင်းဝင်ရောက်နိုင်ရေးအတွက်‌ရခိုင်ဒေသမြောက်ဦး၏ ရိုးရာ ရှေးဟောင်း သမိုင်းဝင်ဓါတ်ပုံများအား အနဂ္ဃရတနာမြေ ဓာတ်ပုံပြပွဲပြုလုပ်ပြီးပြည်တွင်း၊ပြည်ပ  ခရီးသွားများ  အားပြသပြီးမြောက်ဦးဒေသအား လူအများသိရှိစိတ်ဝင်စားမှု ရရှိစေလို၍ ငပလီကမ်းခြေတွင် ဆောင်ရွက်ရန်အစီအစဉ်ရှိသဖြင့် ကြိုတင်ညှိနှိုင်းဆောင်ရွက်ခြင်းဖြစ်ကြောင်းပြောကြားသည်။ 

ထို့အပြင် ငပလီဆောင်းဦးပွဲတော် ကျင်းပပြုလုပ်ခဲ့သည့်အတွက်ပြည်တွင်း၊ပြည်ပ ခရီးသွား ဧည့်သည်များ ရောက်ရှိမှုပိုမိုများပြားလာကာ ဟိုတယ်၊တည်းခိုခန်းလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာတာကို တွေ့ရသလို မြောက်ဦးယဉ်ကျေးမှုအမွေအနှစ် ဒေသ သည်လည်းဖွံ့ဖြိုးတိုးတက်လာကာ ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ရောက်နိုင်ရေးအတွက်‌ ရှေ့လုပ်ငန်းစဉ်များကို ဆောင်ရွက်နိုင်မည်ဖြစ်သလို ငပလီကမ်းခြေ ဒေသသည်လည်း ပိုမိုဖွံ့ဖြိုးတိုးတက်မှုများရရှိနိုင်မည်ဖြစ်သဖြင့် ဌာနဆိုင်ရာများ၊ ဟိုတယ်တည်းခိုခန်း လုပ်ငန်းရှင်များနှင့် စီးပွါးရေးလုပ်ငန်းရှင်များအားလုံး ပူးပေါင်းဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြား ခဲ့သည်။

ထို့နောက် သံတွဲခရိုင် ခရီးစဉ်ဒေသဆိုင်ရာစီမံခန့်ခွဲရေးကော်မတီဥက္ကဌ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးမျိုးချစ်နှင့် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ သံတွဲရုံးခွဲတာဝန်ခံ ဦးကျော်ဇေယျတို့က ခရီးသွားလုပ်ငန်းနှင့်ဟိုတယ်လုပ်ငန်းများဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။ ဆက်လက်၍ အခမ်းအနားတက်ရောက်လာကြသည့် ဟိုတယ်လုပ်ငန်းရှင်များနှင့်ဌာနဆိုင်ရာများက လုပ်ငန်းဆောင်ရွက်မှု အခြေအနေများနှင့် အနဂ္ဃရတနာမြေ ဓာတ်ပုံပြပွဲပြုလုပ်ရေးဆိုင်ရာများကို အကြံပြုဆွေးနွေးတင်ပြကြသည်။  တိုသို့တင်ပြချက်များအပေါ် ပြည်နယ်စီးပွါးရေးရာဝန်ကြီးက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးခဲ့ကြောင်းသိရှိရသည်။


သတင်း - သန့်ဇင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)