မိုးညိုမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ မြို့နယ်အတွင်းရှိ ဂရန်အင်းနှင့် တင်ဒါချက်များအား လေလံတင် ရောင်းချ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုးညိုမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ မြို့နယ်အတွင်းရှိ ဂရန်အင်းနှင့် တင်ဒါချက်များအား လေလံတင် ရောင်းချ

 

        

MNP - မေ  ၂၈


ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ် ငါးလုပ်းငန်းဦးစီးဌာနမှ ၂၀၂၂ -၂၀၂၃ ခုနှစ်၊ လုပ်ငန်းရာသီနှစ်အတွက် (ဒုတိယ) အကြိမ်ဂရန် အင်းများနှင့်တင်ဒါချက် များလေလံတင် ရောင်းချခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီက ရွှေဥဒေါင်းရပ်ကွက်ရှိမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနရုံး၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။


ဂရန်အင်းနှင့်တင်ဒါချက်များ လေလံတင်‌ရောင်းချခြင်းကို တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးစိုးမင်းက ကြီးကြပ်သူအဖြစ် ဆောင်ရွက်၍ ခရိုင်ငါးလုပ်ငန်းဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးတင်ထွန်း၊ မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးထွန်းထွန်းဦးနှင့် အင်းလေလံရောင်းချရေး ကော်မတီဝင်တို့က မိုးညိုမြို့နယ်အတွင်းရှိ ဂရန်အင်းနှင့် တင်ဒါချက်များကို (ဒုတိယ)အကြိမ် လေလံတင်ရောင်းချခဲ့ရာ ဈေးပြိုင် စနစ်ဖြင့် ဂရန်အင်း (၂) အင်းနှင့် တင်ဒါချက် (၂) ချက်ကို‌ ရေလုပ်သားကြီးများထံ ရောင်းချနိုင်ခဲ့ပြီး အင်းခွန်ငွေကျပ် ၅၁၇၈၀၅၀၀/- (ကျပ်ငါးရာတစ်ဆယ် ခုနှစ်သိန်းရှစ်သောင်းငါးရာကျပ်တိတိ)အား နိုင်ငံတော်အခွန်ငွေ ရရှိခဲ့ကြောင်း မြို့နယ်ငါးလုပ်ငန်း ဦးစီးဌာနမှ သိရသည်။                                     

သတင်း - ကိုမင်း


မြန်မာနေရှင်နယ်ပို့စ်


 

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)