Pages

Pages

တနင်္သာရီတိုင်းဒေသကြီးလူမှုရေးရာဝန်ကြီး ဦးယဉ်ထွေး ရပ်ရွာအခြေပြု အခြေခံစက်ချုပ်သင်တန်းဆင်းပွဲအခမ်းအနားသို့ တက်ရောက်









MNP ၊ မေ ၂၅

တနင်္သာရီတိုင်းဒေသကြီးလူမှုဝန်ထမ်းဦးစီးဌာန၊ အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်းမှကြီးမှူးဖွင့်လှစ်သော ရပ်ရွာအခြေပြုအခြေခံစက်ချုပ်သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီ က ထားဝယ်မြို့၊ လေးထပ်ကျောင်း၊ လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာ၌ကျင်းပသည်။

အခမ်းအနားတွင်တိုင်းဒေသကြီးလူမှုရေးရာဝန်ကြီးဦးယဉ်ထွေး က ရပ်ရွာအခြေပြုအခြေခံစက်ချုပ်သင်တန်းသည် သင်တန်းသူများအနေဖြင့် မိမိဘဝတက်လမ်းအတွက်အကျိုးရှိစွာအသုံးချနိုင်လိမ့်မည်ဟုယုံကြည်မိကြောင်း၊ လူမှုအဝတ် တောင်းမှာအကွပ် ဆိုသည့်စကားအတိုင်း လူတိုင်း၏ဝတ်စားဆင်ယင်မှုသည်အရေးကြီးကြောင်း၊ စက်ချုပ် သင်တန်းသည်မိမိဘဝအတွက်ပုံမှန်ဝင်ငွေရရှိနိုင်သောအသက်မွေးဝမ်းကြောင်းပညာရပ်ဖြစ်သည်အတွက် ဆက်လက် ပြီးလေ့ကျင့်ဆည်းပူသွားကြရန်လိုအပ်ကြောင်း၊လူမှုဝန်ထမ်းဦးစီးဌာနအနေဖြင့်လည်း စက်ချုပ်သင်တန်းကိုရပ်ရွာများ တွင် ရှေ့ဆက်ပြီး ဖွင့်လှစ် သင်ကြားပေးရန်လိုအပ်ကြောင်းပြောကြားသည်။

ထို့နောက်တိုင်းဒေသကြီးလူမှုဝန်ထမ်းဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးဒေါ်ခင်မြ က  သင်တန်းဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ရှင်းလင်းပြောကြားပြီး အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်းမှကျောင်းအုပ်ဆရာမကြီး ဒေါ်နှင်းသီတာ က အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာရပ်များကို တတ်မြောက်ခြင်းဖြင့်ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများရရှိ‌စေရေး၊ အမျိုးသမီးများ မိမိဘဝ မိမိရပ်တည်နိုင်ပြီး တစ်ဖက်တစ်လမ်းမှ ဝင်ငွေရရှိ စေရန်၊ အမျိုးသမီးများ၏ ဘဝဖွံ့ဖြိုးတိုးတက်‌ေစေရန်၊ နိုင်ငံတော်၏ကုန်ထုတ်စွမ်းအား တိုးတက်မြင့်မားစေရန် စသည့်ရည်ရွယ်ချက်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်းပြောကြားသည်။

ဆက်လက်၍လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာမှကျောင်းအုပ်ဆရာကြီးဦးဉာဏ်ဝင်း က ကျေးဇူးတင်စကားပြောကြား ပြီးတာဝန်ရှိသူများ က သင်တန်းသူ(၃၀)ဦးအား သင်တန်းဆင်းလက်မှတ်များပေးအပ်ကာ တိုင်းဒေသကြီးလူမှုရေးရာ ဝန်ကြီး ဦးယဉ်ထွေး က သင်တန်းတွင်ထူးချွန်သော သင်တန်းသူ(၁)ဦးအား စက်ချုပ်(၁)လုံးချီးမြှင့်သည်။

ယင်းနောက်သင်တန်းသူများ ကိုယ်စား သင်တန်းသူ(၁)ဦး က ကျေးဇူးတင်စကားပြန်လည်ပြောကြားပြီး တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီးဦးယဉ်ထွေး က သင်တန်းခန်းမအား လှည့်လည်ကြည့်ရှုအားပေးသည်။

ရပ်ရွာအခြေပြုအခြေခံစက်ချုပ်သင်တန်းတွင် သင်တန်းသူ(၃၀)ဦးအား မေ(၉)ရက်နေ့ မှမေ(၂၈)ရက်နေ့အထိ ဖွင့်လှစ် သင်ကြားပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost


No comments:

Post a Comment