Pages

Pages

လေဘေးသင့်အိမ်ထောင်စုများအား ဆန်ရိက္ခာနှင့် အိမ်ဆောက်ပစ္စည်းတန်ဖိုးငွေ ထောက်ပံ့ပေးအပ်



MNP - မေ   ၂၆


မကွေးတိုင်းဒေသကြီး သရက်မြို့နယ်အတွင်း မေလ (၂၀) ရက်နေ့တွင် လေပြင်းတိုက်ခတ်မှုကြောင့် အမှတ် (၆/၇) ရပ်ကွက်၊ ကျေးရွာအုပ်စု (၂) စုနှင့် ကျေးရွာ (၂) ရွာတို့တွင် အမိုးလန်ပျက်စီးခဲ့သည့် ဘုန်းတော်ကြီးကျောင်း (၁) ကျောင်းနှင့်အိမ်ခြေ (၆) လုံးတို့မှ အိမ်ထောင်စု(၆)စုသို့ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဆန်ရိက္ခာနှင့် အိမ်ဆောက်ပစ္စည်းတန်ဖိုးငွေများ ထောက်ပံ့ပေးအပ်ခြင်း ကို ယမန်နေ့ မွန်းလွဲ ၁ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။


အဆိုပါ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးချမ်းငြိမ်းအေးက လေဘေးဒဏ်သင့်ခဲ့သည့် မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအုပ်စုများရှိ အိမ်ထောင်စု(၆)စုမှ လူဦးရေ (၃၁) ဦးတို့အတွက် ဆန်ရိက္ခာနှင့်အိမ်ဆောက်ပစ္စည်း တန်ဖိုးငွေကျပ် (၅၉၅၁၀၀/-) ကို ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment