မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝင်လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့် မင်းလှမြို့နယ်၌ ဌာနဆိုင်ရာများနှင့်တွေ့ဆုံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝင်လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့် မင်းလှမြို့နယ်၌ ဌာနဆိုင်ရာများနှင့်တွေ့ဆုံ


MNP ၊ မေ  ၂၅

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်၊ လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့်သည် မေလ ၂၄ ရက်၊ မွန်းလွဲပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ဧည့်ခန်းမ၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးသန်းထွန်းအောင်၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မင်းလှမြို့နယ် ဦးစီးမှူးရုံးမှ မြို့နယ်စီးမှူးဦးစန်းမင်းနှင့်သက်ဆိုင်ရာ ဌာနဆိုင်ရာများအား တွေ့ဆုံ၍ လုပ်ငန်းများ ဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့သည်။


တွေ့ဆုံပွဲတွင် လူမှုရေးရာဝန်ကြီးက ဌာနဆိုင်ရာများအနေဖြင့် မိမိတို့ဌာနလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပြည်သူကို တိုက်ရိုက်ထိရောက်မှုရှိရန် လိုအပ်ပါကြောင်း၊ မကြာမီကာလတွင် အခြေခံပညာကျောင်းများ ဖွင့်လှစ်မည်ဖြစ်သည့်အတွက် ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာရေး၊ စာသင်ခန်းများ တောင့်တင်းခိုင်မာရေး၊ စာသင်ခုံပြည့်စုံမှုရှိစေရေး၊ သန့်စင်ခန်းများလိုအပ်ချက်၊ သောက်သုံးရေလိုအပ်ချက်များ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိရန်၊ လုံခြုံရေးစီမံချက်များ၊ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအစီအမံများ ဆောင်ရွက်ထားရှိရန်၊ ကျောင်းနေ အရွယ်ကလေးများ ကျောင်းအပ်နှံရေးနှင့် ပညာသင်ကြားနိုင်ရေးဆောင်ရွက်ရန်၊ ကိုဗစ်-၁၉ရာဂါ ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိနေသူများအား ဆက်လက်ထိုးနှံပေး‌ရန်၊ ကူးစက်ရောဂါများ ပြန့်ပွား မှုမရှိစေရေး ကြိုတင်ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်ရန်၊ အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲများ ကျင်းပပြုလုပ်မည်ဖြစ်သည့်အတွက် ဝါသနာရှင်များ၊ ပညာရှင်များပါဝင်ယှဉ်ပြိုင်နိုင်ရေး ဆောင်ရွက်ရန်၊ ကျောင်းသား/ကျောင်းသူများ၊ လူငယ်လူရွယ်များ အားကစားပြိုင်ပွဲများ ဝင်ရောက်ယှဉ်ပြိုင်ရေး ဆောင်ရွက်ရန်၊ မြို့နယ်အတွင်း၌ အသက်(၈၅)နှစ်အထက် အဘိုး၊ အဘွားစာရင်း‌ ကောက်ယူရာတွင် စနစ်တကျ ကောက်ယူဆောင်ရွက်ရန်၊ သဘာဝဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေးလုပ်ငန်းများ ပြင်ဆင်ဆောင်ရွက်ထားရှိရန်၊ သဘာဝဘေးအန္တရာယ်ဖြစ်‌ပေါ်ပါက ထိခိုက်ပျက်စီးမှုအတွက် ကယ်ဆယ်ရေးပစ္စည်းများ အချိန်နှင့်တပြေးညီပေးအပ်နိုင်ရေး၊ မိမိမြို့နယ်တွင် ကယ်ဆယ်ရေး ပစ္စည်းများ စီမံဆောင်ရွက်ထားရှိရန်၊ ရွေးကောက်ပွဲဆိုင်ရာ မဲစာရင်းများပြုစုရေးသွင်းရာတွင် အချက်အလက်များ ပြည့်စုံမှန်ကန်စေရေးအတွက် နိုင်-၄ မှတ်တမ်းများ Excel Format ရေးသွင်း နေမှုနှင့် e-ID စနစ် Software ရေးသွင်းမှုအား ပြီးစီးရေးအလေးထားဆောင်ရွက်ရန်တို့ကို ဆွေးနွေးပြောကြားခဲ့သည်။


ထို့နောက်တက်ရောက်လာသည့် သက်ဆိုင်ရာဌာနဆိုင်ရာတာဝန်ရှိသူများက ဌာနအလိုက် လုပ်ငန်းဆောင်ရွက်နေမှုများအား ရှင်းလင်းတင်ပြခဲ့ရာ လူမှုရေးရာဝန်ကြီးက လိုအပ်သည်များအား လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။


သတင်း - ဇာဇာ(အထက်မင်းလှ)   

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)