မြို့သစ်မြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာကျောင်းများ၌ ကျောင်းအပ်လက်ခံခြင်းများ ဆက်လက်ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြို့သစ်မြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာကျောင်းများ၌ ကျောင်းအပ်လက်ခံခြင်းများ ဆက်လက်ဆောင်ရွက်



MNP - မေ   ၃၁


၂၀၂၂-၂၀၂၃ ပညာသင်နှစ်  ကျောင်းနေအရွယ်ကလေးငယ်အားလုံး ပညာသင်ယူခွင့်ရရှိဖို့  ကျောင်းအပ်နှံကြပါစို့” ဟူသော ဆောင်ပုဒ်နှင့်အညီ မြို့သစ်မြို့နယ်ရှိ အခြေခံပညာကျောင်းများတွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ကျောင်းအပ်လက်ခံခြင်းများကို ဆက်လက်ဆောင်ရွက်ပေးလျက်ရှိသည်။


မြို့သစ်မြို့နယ်တွင် အခြေခံပညာကျောင်း  (၁၉၃)  ကျောင်းရှိပြီး  KG တန်းမှ GRADE-11   အထိသက်ဆိုင်ရာ အတန်းများအလိုက် အတန်းပိုင် ဆရာ၊ ဆရာမများက ကျောင်းသား၊ ကျောင်းသူများ ကျောင်းအပ်နှံခြင်းကို လက်ခံဆောင်ရွက်ပေးလျက်ရှိပြီး၊ ကျောင်းသုံးပြဌာန်းစာအုပ်များနှင့် ဗလာစာအုပ်များ၊ ခဲတံနှင့်‌စာရေးကိရိယာများကို (အခမဲ့) ထုတ်ပေးလျက်ရှိသည်။


မြို့သစ်မြို့နယ်တွင် အခြေခံပညာအထက်တန်းကျောင်း(၁၁)ကျောင်း၊ အထက်တန်းကျောင်းခွဲ(၁၈)ကျောင်း၊ အလယ်တန်းကျောင်း(၃၀)ကျောင်း၊ အလယ်တန်းကျောင်းခွဲ(၂၉)ကျောင်း၊ မူလတန်းကျောင်း(၅၅)ကျောင်း၊ မူလတန်းလွန်ကျောင်း(၄၀)၊ အမကခွဲ(၇)ကျောင်း၊ ဘုန်းတော်ကြီးသင်ကျောင်း(၂)ကျောင်း၊ ကိုယ်ပိုင်ကျောင်း(၁)ကျောင်းတို့၌ မေလ ၂၆ ရက်နေ့မှ ဇွန်လ ၁ ရက်နေ့အထိ ကျောင်းအပ်နှံရေးရက်သတ္တပတ်အဖြစ် ကျောင်းအပ်လက်ခံဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ဇွန်လ  ၂ ရက်နေ့မှ စတင်ကာ အခြေခံပညာကျောင်းအားလုံး ဖွင့်လှစ်သင်ကြားပေးနိုင်ရေးအတွက် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးကော်မတီ၏ လမ်းညွှန်ချက်များနှင့်အညီ စီမံဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးကသိရသည်။


သတင်း - သန်းဝင်းထွန်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)