Pages

Pages

ထားဝယ်မြို့တွင် နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် အိတ်ဖွင့်တင်ဒါဖွင့်ပွဲအခမ်းအနားကျင်းပ

 



MNP - မေ   ၂၃


၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့(မူလ)ရန်ပုံငွေဖြင့် တင်ဒါခေါ်ယူဆောင်ရွက်သည့် နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် အိတ်ဖွင့်တင်ဒါဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက ထားဝယ်မြို့၊ စက်မှုလက်မှုပညာသင်တန်းကျောင်းခန်းမ၌ကျင်းပသည်။


ရှေးဦးစွာ တိုင်းဒေသကြီးဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး၊ ညွှန်ကြားရေးမှူးဦးရန်လင်းအောင်က ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ (မူလ)ရန်ပုံငွေဖြင့်ဆောင်ရွက်မည့် နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ၏လုပ်ငန်းစုများအလိုက် ကုမ္ပဏီများမှတင်သွင်းသော Profile and Technical Proposalနှင့် Price Proposal ရလဒ် (၂) ခု၏ရမှတ်များကို တိုင်းဒေသကြီးအစိုးရအဖွဲ့ (Cabinet) အစည်းအဝေးသို့တင်ပြအတည်ပြုချက်ရယူပြီး တင်ဒါအောင်မြင်သောကုမ္ပဏီများကိုကြော်ငြာပေးသွားမှာဖြစ်ကြောင်း၊ တင်ဒါအောင်မြင်သောကုမ္ပဏီများအနေဖြင့် မိမိတင်ဒါအောင်မြင်သောလုပ်ငန်းများအား စံချိန်စံညွှန်းအရည်အသွေးကိုက်ညီစေရေးတာဝန်ယူဆောင်ရွက်ခြင်း၊ သတ်မှတ်ကာလအတွင်းအချိန်မီပြီးစီးအောင် အင်တိုက်အားတိုက်ကြိုးပမ်းဆောင်ရွက်၍ မိမိဒေသဖွံ့ဖြိုးရေးအတွက်တစ်တတ်တစ်အားပါဝင်ကြရန်လိုအပ်ကြောင်း ပြောကြားသည်။


ထို့နောက် တိုင်းဒေသကြီးလုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီးသိန်းလင်းနှင့် တာဝန်ရှိသူများက တင်ဒါတင်သွင်းသည့်ကုမ္ပဏီများ၏ လုပ်ငန်းစုအလိုက်ဈေးနှုန်းအဆိုပြုလွှာများကို ဖွင့်ဖောက်ကြည်ရှုစစ်ဆေးခဲ့သည်။


တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းစု(၆၂)ခု၊ လုပ်ငန်းပေါင်း (၁၂၅)ခုအား ကုမ္ပဏီ(၁၄၇)ခုက လုပ်ငန်းစုများအလိုက် ဈေးနှုန်းအဆိုပြုလွှာများတင်သွင်းခဲ့ကြောင်း သတင်းရရှိသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment