ပေါက်တောမြို့နယ်တွင် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု (ဖုန်းပြုပြင်)သင်တန်းဖွင့်လှစ် - MyanmarNationalPost

.com/img/a/

News Agency

demo-image

ပေါက်တောမြို့နယ်တွင် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု (ဖုန်းပြုပြင်)သင်တန်းဖွင့်လှစ်

030

031

032

MNP ၊ မေ ၃

သမဝါယမနှင့်ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပေါက်တောမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ကျေးလက်နေလူငယ်များ အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရန် ရည်ရွယ်၍ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု(ဖုန်းပြုပြင်) သင်တန်းဖွင့်ပွဲ ကို ယနေ့ နံနက် ၁၀ နာရီက မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာနရုံးရှိ အစည်းအဝေးခန်းမ၌ ဖွင့်လှစ်သည်။

ရှေးဦးစွာ ပေါက်တော မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဦးသန်းထွန်း က အဖွင့်အမှာစကားပြောကြားပြီး  သင်တန်းဆရာ ဦးသန်းအေးကျော် က သင်တန်းနှင့်ပတ်သက်၍ သင်ကြားပို့ချမည့် သင်ခန်းစာများအားရှင်းလင်းပြောကြားသည်။ အဆိုပါ သင်တန်းတွင် ပေါက်တောမြို့နယ်အတွင်းရှိ တောင်ညိုကျေးရွာ၊ ရွာချောင်းကြီးကျေးရွာ နှင့် ပေါက်တောမြို့ပေါ်မှ သင်တန်းသား ၁၀ ဦး သင်တန်းသူ ၁၀ ဦး စုစုပေါင်း ၂၀ ဦးတက်ရောက်ကြပြီး သင်တန်းဆရာများက စာတွေ့လက်တွေ့ သင်ကြားပို့ချသွားမည်ဖြစ်၍ သင်တန်းကာလမှာ ရက်သတ္တသုံးပတ်ကြာမြင့်မည်ဖြစ်ကြောင်းသိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Pages