ကျိုက်ထိုမြို့နယ် သစ်တောဦးစီးဌာန မှ ၂၀၂၂ခုနှစ် မိုးရာသီအတွက် ပျိုးပင် (၄၀၀၀၀)လျာထား စိုက်ပျိုးထားလျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျိုက်ထိုမြို့နယ် သစ်တောဦးစီးဌာန မှ ၂၀၂၂ခုနှစ် မိုးရာသီအတွက် ပျိုးပင် (၄၀၀၀၀)လျာထား စိုက်ပျိုးထားလျက်ရှိ




MNP ၊ မေ ၂၇

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် သစ်တောဦးစီးဌာန မှ(၂၀၂၂)ခုနစ် မိုးရာသီအတွက် လူထုဖြန့်ချီ စိုက်ပျိုးမည့် ပျိုးပင်များ စိုက်ပျိုးထားလျှက်ရှိကြောင်းသိရသည်။ 

သစ်တောဦးစီးဌာနမှ နှစ်စဉ် မိုးရာသီအတွက် ပျိုးပင်များ လျာထားစိုက်ပျိုးလျက်ရှိရာ ယခုနှစ်မိုးရာသီတွင်လည်း စိုက်ပျိုးရန် ပျိုးပင် စုစုပေါင်း (၄၀၀၀၀) လျာထားလျက်ရှိသည်။ 

ကျိုက်ထိုမြို့နယ်အတွင်းစိမ်းလန်းစိုပြေသာယာစေခြင်းအားဖြင့် ကောင်းမွန်သောပတ်ဝန်းကျင်၊ ယိုယွင်းပျက်စီးမှုကာကွယ်ခြင်းကို အထောက်အကူဖြစ်စေရန်၊ ဒေသခံပြည်သူများ သစ်တောသစ်ပင်များ၏ အကျိုးကျေးဇူးများ သိရှိစေရန်၊ ဒေသခံပြည်သူများ၏ စားဝတ်နေရေး ပြေလည်စေပြီး ဘက်စုံ ဖွံ့ဖြိုးတိုးတက်စေရန်ဒေသ၏ လိုအပ်ချက်ဖြစ်သည့် သစ်၊ တိုင်၊ မျော၊ ထင်းနှင့် သစ်တောထွက် ပစ္စည်းများရရှိစေရန်နှင့် သဘာဝတောများ၏ အရည်အသွေးမြင့်တက် လာပြီး အဆင့်အတန်း မြင့်မားလာစေရန် စသည့် ရည်ရွယ်ချက်များဖြင့် ပျိုးထောင်စိုက်ပျိုးရကြောင်း မြို့နယ်သစ်တောဦးစီးအရာရှိ ဦးစိုးဝင်းမှ‌ ပြောကြားခဲ့သည်။

၂၀၂၂ ခုနှစ်၊ မိုးရာသီသစ်ပင် စိုက်ပျိုး နိုင်စေရေးအတွက် ဌာနဆိုင်ရာများတပ် ရင်း/တပ်ဖွဲ့များနှင့်ရပ်ကွက် ကျေးရွာ အုပ်စု အလိုက်ဖြန့်ဝေပြီး မိုးရာသီအကြိုသစ်ပင်စိုက်ပွဲတော်အားကျင်းပပြုလုပ်၍ ဒီရေတော နှင့် အရိပ်ရစိုက်ပျိုးပွဲကိုလည်း လမ်းဘေးဝဲ၊ယာ တလျှောက်စိုက်ပျိုးကာကျေးရွာထင်းစိုက်ခင်း အတွက်လည်း ဖြန့်ဝေပေးမည်ဖြစ်ကြောင်း သိရသည်။

၂၀၂၂ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးမည့် ပျိုးပင်များမှာ ကျွန်း၊ပျဉ်းကတိုး၊ကံ့ကော်၊ခရေ၊မန်ဂျန်ရှားပျဉ်းမ ၊ ဖန်ခါး၊စိန်ပန်း၊ကညင်ဖြူ၊ကုက္ကို၊မယ်ဇလီ၊တရုတ်တည်၊သင်္ကန်းတို့ဖြစ်ပြီးဒီရေတောများတွင်စိုက်ပျိုးရန် ပျိုးပင်မျိုးများ ကိုလည်းဖြန့်ဝေပေးသွား မည်ဖြစ်ကြောင်း သိရသည်။

သစ်ပင်စိုက်ပျိုးတော်ပွဲအား‌မေ ၂၈  ရက်နေ့ နံနက်ပိုင်းမှစတင်ကာ ရပ်ကွက် ၊ကျေးရွာများအလိုက်ကျင်းပရန်စီစဉ်ထားရှိပြီးဖြစ်ကြောင်းသိရသည်။


သတင်း -  ဝင်းမောင်(ကျိုက်ထို)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)