Pages

Pages

စစ်ကိုင်းတိုင်းဒေသကြီး၏ ၂၀၂၂ - ၂၀၂၃ ပညာသင်နှစ်၊ ကျောင်းအပ်နှံရေးနေ့ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်တက်ရောက်၊ ကျောင်းအပ်နှံလာကြသည့် ကျောင်းသား/သူများ၊ ကျောင်းသားမိဘများထံ အားပေးစကားပြောကြား




MNP ၊ မေ ၂၇

စစ်ကိုင်းတိုင်းဒေသကြီး၏ ၂၀၂၂ - ၂၀၂၃ ပညာသင်နှစ်၊ ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို မေလ၂၇ ရက်နေ့ နံနက် ၉ နာရီအချိန်က မုံရွာမြို့ အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်း သလ္လာဝတီခန်းမ၌ ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်တက်ရောက် ချီးမြှင့်ခဲ့ပြီး‌နောက် ကျောင်းအပ်နှံလာကြသည့် ကျောင်းသား/သူများ၊ ကျောင်းသားမိဘများထံ အားပေးစကား ပြောကြားခဲ့ကြောင်းသိရသည်။

အခမ်းအနားကို ရှေးဦးစွာ အမှတ်-၂ အခြေခံပညာအထက်တန်းကျောင်း(အလုံ)မှ ကျောင်းသား၊ ကျောင်းသူလေးများက မြန်မာ့ကျောင်းသားတေးသီချင်းဖြင့် သီဆိုဖွင့်လှစ်ခဲ့ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးပညာရေးမှူး ဦးတိုးဝင်း၊ မုံရွာခရိုင်ပညာရေးမှူး ဒေါက်တာ ဒေါ်ခင်သူဇာစိန်နှင့် သက်ဆိုင်ရာကျောင်းအုပ်ကြီးများက ကျောင်းသုံးဖတ်စာအုပ်များ၊ စာရေးကရိယာများနှင့် ကျောင်းငုံးပစ္စည်များကို ပေးအပ်ရာ ကျောင်းသားကျောင်းသူလေးများက လက်ခံ ရယူခဲ့ကြပြီးနောက် အမှတ် -၂၊ အထက (အလုံ) မှ ကျောင်းသားကျောင်းသူလေးများက ဇာတိမာန် တေးသီချင်းသီဆိုကာ အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းခဲ့ကြသည်။

ထို့နောက် ဝန်ကြီး‌ချုပ်နှင့်တာဝန်ရှိသူများက တက်ရောက်လာကြသည့် ဆရာ၊ ဆရာမများ၊ ကျောင်းသားကျောင်းသူလေးများနှင့် ကျောင်းသားမိဘများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ပြီးနောက် ကျောင်းလာရောက်အပ်နှံနေမှုများကို လှည့်လည်ကြည့်ရှုကာ ကျောင်းအပ်နှံလာကြသည့် ကျောင်းသားကျောင်းသူလေးများနှင့် ကျောင်းသားမိဘများထံ အားပေးစကားများပြောကြားခဲ့ကြပါသည်။

စစ်ကိုင်းတိုင်းဒေသကြီး ပညာရေးဌာန အနေဖြင့် ၂၀၂၂ - ၂၀၂၃ ပညာသင်နှစ်အတွက် ခရိုင်နှင့် မြို့နယ်အသီးသီးတို့တွင်  မေလ ၂၆ ရက်နေ့နံနက်ကစတင်ပြီး ကျောင်းအပ်လက်ခံခြင်းများကို ဆောင်ရွက်လျက်ရှိရာ ယမန်နေ့အထိ ကျောင်းသားကျောင်းသူ   ‌၄ သောင်းကျော်လာရောက် အပ်နှံခဲ့ကြပြီး ကျောင်းအပ် လက်ခံခြင်းများကို ဆက်လက်ဆောင်ရွက်လျက်ရှိ ကြောင်း၊ KG တန်းတွင် သင်ရိုးပုံနှိပ်စာ(၄)မျိုး၊ မူလတန်း Grade-(1) to(5) တွင် ပုံနှိပ်၊ ဗာစာအုပ်၊ ခဲတံ၊ အလယ်တန်းနှင့်အထက်တန်းတွင်ဘောပင်၊ ဗလာစာအုပ်၊ ပုံနှိပ်ဘာသာစုံ အခမဲ့ပေးအပ်မည်ဖြစ်ကြောင်း၊ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်ကာလအတွင်း မူလတန်းကျောင်း များ (Grade-1  မှ Grade - 5 ထိ) ကျောင်းဝတ်စုံများ အခမဲ့ ပေးအပ်လျက်ရှိကြောင်းသိရသည်။


သတင်း - မြင့်နိုင်စိုး ( ထီးလှိုင်မြေ)

https://t.me/MyanmarNationalPost

No comments:

Post a Comment