မြစ်ကြီးနားခရိုင် ပုဂ္ဂလိကပိုင်ယာဉ်များ ကြီးကြပ်ရေးကော်မတီ နှစ်ပတ်လည် အစည်းအဝေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြစ်ကြီးနားခရိုင် ပုဂ္ဂလိကပိုင်ယာဉ်များ ကြီးကြပ်ရေးကော်မတီ နှစ်ပတ်လည် အစည်းအဝေးကျင်းပ


MNP - မေ   ၂၆


ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင် ပုဂ္ဂလိကပိုင်ယာဉ်များ ကြီးကြပ်ရေးကော်မတီ၏ နှစ်ပတ်လည်အစည်းအဝေးကို ယနေ့ မွန်းလွဲ ၁ နာရီအချိန်က မြစ်ကြီးနားမြို့ မြစ်ဖျားဧရာ အဝေးပြေးကားဝင်းရှိ အဆိုပါရုံး အစည်းအဝေခန်းမတွင် ကျင်းပခဲ့သည်။


ရှေးဦးစွာ မြစ်ကြီးနားခရိုင် ယာဉ်များကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအေးဇော်ဇော်မှ အဖွင့်နူတ်ခွန်းဆက် အမှာစကားပြောကြားပြီး မြစ်ကြီးနားခရိုင် ယာဉ်များကြီးကြပ်ရေး ကော်မတီအတွင်းရေးမှူး ဦးမျိုးမြင့်ဦးက ကော်မတီမှ တစ်နှစ်တာ ဆောင်ရွက်ချက်များ၊ ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းများ၊ မြစ်ဖျားဧရာကားဝန်း ယာဉ်အသင်းများမှ ကောက်ခံရရှိသည့် ရန်ပုံငွေဖြင့် ကချင်ပြည်နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ၊ ကိုဗစ်- ၁၉ ကာလအတွင်း လိုအပ်သည့် နေရာများတွင် လှူဒါန်းဆောင်ရွက်မှုတို့အား ရှင်းလင်းပြောကြားခဲ့သည်။


ထိုနောက် တက်ရောက်လာသည့် ယာဉ်အသင်း တာဝန်ခံများမှ လိုအပ်သည်များ ဆွေးနွေးတင်ပြကာ ကော်မတီဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် ဌာနခွဲမှူးတို့မှ ပြန်လည်ရှင်းလင်းဖြေကြားခဲ့ပြီး ကော်မတီဥက္ကဋ္ဌ ဦးအေးဇော်ဇော်မှ နိဂုံချုပ်အမှာစကား ပြောကြားခဲ့သည်။


သတင်း - ယော်ဆောင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)