မိုးညိုမြို့နယ်တွင် လေဘေးသင့်နေအိမ်မှ မိသားစုများအား ထောက်ပံ့ငွေနှင့်ပစ္စည်းများပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုးညိုမြို့နယ်တွင် လေဘေးသင့်နေအိမ်မှ မိသားစုများအား ထောက်ပံ့ငွေနှင့်ပစ္စည်းများပေးအပ်





MNP - မေ   ၂၄


လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက  မြို့နယ်အတွင်း လေဘေးသင့်ခဲ့သော အိမ်ထောင်စုများမှ မိသားစုများအား ထောက်ပံ့ငွေနှင့် ပစ္စည်းများပေးအပ်ခြင်းကို ပဲခူးတိုင်းဒေသကြီး၊ မိုးညိုမြို့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ယမန်နေ့ညနေ ၂ နာရီက  ပြုလုပ်ခဲ့သည်။


ထိုသို့ထောက်ပံ့ပေးအပ်ရာတွင် မေလ ၂၀ ရက်နေ့နှင့်‌မေလ ၂၁ ရက်နေ့တို့တွင် ကျေးရွာအုပ်စု(၂)အုပ်စု၊ ကျေးရွာ(၂)ရွာတို့တွင် ဖြစ်ပွားခဲ့သောလေဘေးမှ သစ်ပင်ပိတစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ်(၁)လုံး၊ ပြိုလဲပျက်စီးနေအိမ်(၁)လုံးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေကျပ် (၁၅၀,၀၀၀/-)၊ အိမ်ထောင်စု(၂)စုရှိ လူဦးရေ (၁၄)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေကျပ် (၂၉,၄၀၀/-)၊ စုစုပေါင်းထောက်ပံ့ငွေ ကျပ်(၁၇၉,၄၀၀/-)နှင့် ပြိုလဲ‌နေအိမ်(၁)လုံးအတွက်‌ထောက်ပံ့ရေးပစ္စည်း(၁၇)မျိုး (ပလပ်စတစ်ပုံး)အပါ တန်ဖိုးငွေကျပ်(၄၉,၀၃၆/-)နှင့်ကတ္ထူပုံး(၁)ပုံးတို့အား  ကျေးရွာအုပ်ချုပ်ရေးမှူး၊ စာရေးဝန်ထမ်းများနှင့်အတူ လေဘေးသင့်ပြည်သူများထံ လက်ဝယ်အရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။


သတင်း - ကိုမင်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)