လယ်ယာမြေ၊ သစ်တောမြေ၊ မြေလွတ်မြေလပ်၊ မြေရိုင်းများစီမံခန့်ခွဲခြင်းဆိုင်ရာရှင်းလင်းပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လယ်ယာမြေ၊ သစ်တောမြေ၊ မြေလွတ်မြေလပ်၊ မြေရိုင်းများစီမံခန့်ခွဲခြင်းဆိုင်ရာရှင်းလင်းပွဲကျင်းပ

 


MNP - မေ  ၂၇


မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့တွင် လယ်ယာမြေ၊ သစ်တောမြေ၊ မြေလွတ်မြေလပ်၊ မြေရိုင်းများ စီမံခန့်ခွဲခြင်းဆိုင်ရာရှင်းလင်းပွဲကို ယမန်နေ့နံနက် (၁၀:၀၀ )နာရီကရပ်ကွက်ကြီး (၅) ရှိ မြို့တော်ခန်းမ၌ကျင်းပပြုလုပ်ရာ တာဝန်ရှိသူများ၊ သက်ဆိုင်ရာဌာနအလိုက် ဝန်ထမ်းများ ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်များတက်ရောက်ကြသည်။


ရှေးဦးစွာ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခေတ္တခရိုင်အုပ်ချုပ်ရေးမှူးဦးသန့်ဇော်ဦးမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ခရိုင်သစ်တောဦးစီးဌာနမှူး၊ ဦးသန်းဆွေမှ သစ်တောမြေစီမံခန့်ခွဲခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခြင်း၊ ခရိုင်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်း အင်းဦးစီးဌာနမှူး၊ ဦးဇော်အေးမိုးမှ လယ်ယာမြေ၊ မြေလွတ်မြေလပ်၊ မြေရိုင်းများ စီမံခန့်ခွဲခြင်းနှင့်စပ်ချဉ်း၍ ရှင်းလင်းဆွေးနွေးပြောကြားခဲ့သည် ။


ဆက်လက်ပြီး တက်ရောက်လာသူများမှဆွေးနွေးတင်ပြပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ခေတ္တဥက္ကဋ္ဌဒုတိယဗိုလ်မှူးကြီးမျိုးထက်ဝင်းမှ ပြင်ဦးလွင်မြို့ သန့်ရှင်းသာယာလှပရေးအတွက် သက်ဆိုင်ရာဌာနဆိုင်ရာများနှင့်ပူးပေါင်းပြီး ဘက်ပေါင်းစုံစနစ်တကျ ဆောက်ရွက်လျက်ရှိပါ ကြောင်း ပြောကြားခဲ့ကြောင်းသိရှိရသည်။


သတင်း - ဇော်မျိုးထိုက်


မြန်မာနရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)