မိုင်းကိုင်မြို့နယ်၊ အခြေခံပညာကျောင်းများတွင် စုပေါင်းသန့်ရှင်းရေး ဝိုင်းဝန်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုင်းကိုင်မြို့နယ်၊ အခြေခံပညာကျောင်းများတွင် စုပေါင်းသန့်ရှင်းရေး ဝိုင်းဝန်းဆောင်ရွက်



MNP - မေ   ၂၂


ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်တွင်  ယမန်နေ့မနက်ပိုင်းက  နယ်မြေခံတပ်မှ အရာရှိ၊ စစ်သည် ရဲမေများ ၊မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ်တပ်ဖွဲ့၊ ဌာနဆိုင်ရာအကြီးအကဲနှင့် ဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်လုပ်သားပြည်သူများ စုစုပေါင်းအင်အား ၄၀၀ ကျော်တို့သည် ပြည်သူ့အကျိုးပြုလုပ်ငန်းအဖြစ်  အခြေခံပညာ အထက်တန်းကျောင်း(မိုင်းကိုင်)နှင့်  အခြေခံပညာအထက်တန်းကျောင်းခွဲ (မိုင်းကိုင်)  တို့တွင်  နှစ်နေရာခွဲ၍ စုပေါင်း သန့် ရှင်းရေး ဝိုင်းဝန်းဆောင်ရွက်ခဲ့သည်။


ကျောင်းဖွင့်ရာသီအတွင်း ကျောင်းသားကျောင်းသူများ  စိတ်အေးချမ်းသာယာစွာ ပညာသင်ကြားနိုင်ရေးအတွက် ကျောင်းပတ်ဝန်းကျင်ရှိ  ပေါင်းမြက်များအား ရှင်းလင်းခြင်း၊ ခြင်ခိုအောင်းနိုင်သော  ရေမြောင်းများအား  ရှင်းလင်းခြင်း၊ သစ်ကိုင်းများ ခုတ်ထွင်ပေးခြင်း၊ အမှိုက်များကို  မြို့နယ်စည်ပင်သာယာဌာနမှ ကားများဖြင့် သယ်ယူစွန့်ပစ်ပေးခြင်း၊ ကျောင်းစာသင်ခန်းများအား  ရှင်းလင်းခြင်းများ စုပေါင်းဆောင်ရွက်ခဲ့ကြသည်။


အဆိုပါစုပေါင်းသန့်ရှင်းရေး  ဆောင်ရွက်ရာနေရာသို့   အမှတ်(၁၄) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ကျော်နိုင်စိုးနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်များက ကြည့်ရှုအားပေးကာ ကျောင်းစာသင်ခန်းများ  ပြင်ဆင်ထားရှိမှု  အခြေအနေ၊ ကျောင်းသင်ထောက်ကူပစ္စည်းများနှင့် ကျောင်း၏လိုအပ်ချက်များကို ကွင်းဆင်း စစ်ဆေးကာ  မြို့နယ်ပညာရေးမှူး  ဦးခင်မောင်ကိုနှင့် သက်ဆိုင်ရာ ကျောင်းအုပ်ကြီးများအား လိုအပ်သည်များ မှာကြား ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း   သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)